မင်းတပ်မြို့ မြို့မဈေးဘေးက ပျံကျဈေးမီးလောင်မှုဖြစ်ပွား

မင်းတပ်မြို့ မြို့မဈေးဘေးနားက ပျံကျဈေးတန်းတွင် ဟင်းသီးဟင်းရွက်တွေရောင်းတဲ့ခုံတန်းမှာ ဒီမနက် (၄)နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။

မင်းတပ်မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဒေါ်မေသူလတ် က “မီးလောင်တာက ပျံကျဈေးက ခုံတစ်ခုံရဲ့ကြမ်းခင်းပါ။ အဲ့နေရာမှာ စိတ်မနှံတဲ့အမျိုးသမီးတစ်ယောက် ညအိပ်တတ်တယ်။ သူက မီးခြစ်လည်းပါတတ်တယ်။ ဒါပေမယ့် တိတိကျကျသိရအောင် CCTV ပြန်ကြည့်မှပြောလို့ရမယ်” လို့ပြောပါတယ်။

Photo: Hkl Mindat

မနက်ပိုင်း ဈေးခင်းနေတဲ့သူတွေက မီးစလောင်တဲ့ချိန်မှာ သိလို့ ရပ်ကွက်နေပြည်သူနဲ့ မီးသတ်တွေက အမြန်မီးငြိမ်းနိုင်တာဖြစ်တယ်။

အခုမီးလောင်သွားတဲ့ပျံကျဈေးဟာ မီးသတ်ရုံနဲ့ အ.ထ.က (၁)ကျောင်းနဲ့လည်းနီးပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်