မင်းတပ်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အေအေ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး ဆိုတဲ့ သတင်းအမှား

စက်တင်ဘာ ၁၇၊ ၂၀၂၄။

Zalen

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စက်တင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အာရက္ခတပ်တော် (အေအေ) တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်လို့ Thazin Oo အမည်ရှိ တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ ၇ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

အဲ့ဒီ Thazin Oo တယ်လီဂရမ်ချန်နယ်က ” မင်းတပ်မြို့နယ်မှာရှိတဲ့ အေအေ အဖွဲ့ကို စက်တင်ဘာလ ၆ ရက်နေ့ မနက်က လေယဉ်နဲ့ ဗုံးကြဲတာလွဲသွားပြီး ဒရုန်းနဲ့ချတဲ့အချိန်မှာတော့ အနည်းဆုံး ၆/၇ ယောက်လောက်ဂိသွားတဲ့အတွက်  ဒရုန်းကို ဒီထက်ပိုပြီး အသုံးပြုစေချင်ပါတယ်။”လို့ ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

Thazin Oo တယ်လီဂရမ်ချန်နယ်ဟာ Subscribers ၁၁၄,၁၄၃ ဦးရှိပြီး အဲ့ဒီ သတင်းကို ဖတ်ရှုသူ ၃၆၀၀၀ ကျော်၊ မှတ်ချက်ပေးသူ ၁၀ ခုနဲ့ ကြိုက်နှစ်သက်သူ ၉၃၅ ဦးထိရှိပြီး မူရင်းရေးသားတဲ့ သတင်းကို စစ်ကောင်စီ ထောက်ခံအားပေးသူတွေက ဖေ့စ်ဘွတ်လူမူကွန်ရက် စာမျက်နှာပေါ်မှာပြန်လည်ဖော်ပြတာတွေလည်း တွေ့ရပါတယ်။

မူရင်းသတင်းလင့်ခ်https://t.me/Thazinoo969/21379

စိစစ်ဆေးတွေ့ရှိချက်

Zalen Fact -Checking Team က စိစစ်တဲ့အခါ စက်တင်ဘာလ ၆ ရက်နေ့က မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အေအေ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးတယ်ဆိုတာ မတွေ့ရှိရပါ။

လွတ်လပ်တဲ့ ဒေသတွင်း ချင်းသတင်းဌာနတွေဖြစ်တဲ့ Zalen၊ Khonumthung နဲ့ Chin World တို့က မင်းတပ်မြို့နယ်မှာ စက်တင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်သွားတဲ့အတွက် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကားလမ်းအချို့ ပျက်စီးခြင်း သတင်းသာဖော်ပြထားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အေအေ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခြင်း သတင်းဖော်ပြခြင်း မတွေ့ရှိရပါ။

သတင်းလင့်ခ်

Zalen: https://www.facebook.com/share/p/fFPyZyhrzd9Tg7FY/

Chin Wordhttps://www.facebook.com/share/p/xWts1ihfYpZfivXv/?mibextid=oFDknk

Khonumthung https://www.facebook.com/share/p/DiLCr4VPSPq871D6/?mibextid=oFDknk

မင်းတပ်မြို့နယ်မှာ စက်တင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသာဖြစ်တယ်လို့ ချင်းကာကွယ်ရေးတပ် – မင်းတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၎င်းက “မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတော့ရှိတယ်။ ဒါပေမဲ့ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ အေအေ တပ်ဖွဲ့ဝင်တွေ သေဆုံးတာတော့ မရှိဘူး။ အဲ့ဒီနေ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဥ်လည်း မရှိပါဘူး။ လေကြောင်း တိုက်ခိုက်မှုမှာ အရပ်သား တစ်ဦးထိခိုက်ဒဏ်ရာတယ်။”လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၆ ရက်နေ့က မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ တိုက်နယ် အမှတ် ၄ ဘက်ခြမ်း၊ ရှိမ်းကျေးရွာက အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ် ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းက “မနက်အစောပိုင်း ၂ နာရီလောက်မှာ လေကြောင်း တိုက်ခိုက်သွားတာပါ။ အရပ်သားတစ်ဦး ခြေထောင်ထိခိုက်ဒဏ်ရာရသွားတယ်။ ကားလမ်းအချို့လည်း ပျက်စီးသွားတယ်။ အဲ့ဒီနေ့မနက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာမျိုးတော့ မရှိဘူး။ ပြီးတော့ အေအေ တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုတာလည်း မဟုတ်ဘူး။”လို့ ၎င်းက ဆိုပါတယ်။

သုံးသပ်ချက်

အဲ့ဒီ Thazin Oo တယ်လီဂရမ်ချန်နယ်ဟာ စစ်ကောင်စီ ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းတွေကို ရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။

https://www.facebook.com/share/v/uPV8PsfVQdxHVZjF/?mibextid=oFDknk

အထက်ပါ သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူတွေ၊ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ မင်းတပ်မြို့နယ်မှာ စက်တင်ဘာလ ၆ ရက်နေ့က လေကြောင်း ဗုံးကြဲတိုက်ခိုက်မူမှာမှန်ကန်ကြောင်း၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး အေအေ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးဆိုတဲ့ အချက်လက်မှာ မှားယွင်းနေပါတယ်။

စာဖတ်ပရိသတ်အနေဖြင့်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်