မင်းတပ်မှာ CDF-Mindat နဲ့ အေအေက စစ်ဘေးရှောင်နေအိမ်တွေ မီးရှို့ဆိုတဲ့ သတင်းအမှား

စက်တင်ဘာ ၂၃၊ ၂၀၂၄။

Zalen

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ချင်းကာကွယ်ရေးတပ် (မင်းတပ်) နဲ့ အရက္ခတပ်တော် (အေအေ) တို့က စစ်ဘေးရှောင်နေအိမ်တွေ မီးရှို့တယ်လို့ Moses Khawl Khawl အမည်ရှိ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က စက်တင်ဘာလ ၁၄ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

၎င်း Moses Khawl Khawl ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ” လှေးကောင်းရွာက အိမ်ငါးလုံး AA နဲ့ CDF-Mindat က မီးရှို့ အိမ်ရှင်တွေ အဝေးမှာ စစ်ရှောင်နေ မျက်ရည်များနဲ့ ” လို့ ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်ခ်

https://www.facebook.com/share/p/sNr6eqsXJESvmx8M/?mibextid=oFDknk

သတင်းကို စက်တင်ဘာလ ၂၂ ရက်နေ့ထိ ကြိုက်နှစ်သက်သူ ၁၄၄ ဦး၊ မှတ်ချက် ၂၅၀ ခု နဲ့ ပြန်လည်မျှဝေသူ ၁၅ ခု ရှိပါတယ်။

စိစစ်ဆေးတွေ့ရှိချက်

Zalen Fact -Checking Team က စိစစ်တဲ့အခါ စက်တင်ဘာလ ၁၃ ရက်နေ့က မင်းတပ်မြို့မှာ CDF-Mindat နဲ့ အေအေ တို့က စစ်ဘေးရှောင်နေအိမ်တွေ မီးရှို့တယ်ဆိုတာ မတွေ့ရှိရပါ။

လွတ်လပ်တဲ့ ဒေသတွင်း ချင်းသတင်းဌာနတွေဖြစ်တဲ့ Khonumthung ၊ Chin World ၊ Zalen တို့က မင်းတပ်မြို့မှာ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မူးရူးပြီး မီးရှို့ဖျက်ဆီးတယ်လို့ ရေးသားဖော်ပြထားပါတယ်။

Chin World သတင်းလင့်ခ်

https://www.facebook.com/share/p/1VsdvLmByLuqWEoF/?mibextid=oFDknk

Khonumthung သတင်းလင့်ခ်

https://www.facebook.com/share/p/yyy915S2R17yQjdx/?mibextid=oFDknk

Zalen သတင်းလင့်ခ်

https://www.facebook.com/share/p/rJ3gYc7zf3NR24xm/?mibextid=oFDknk

မင်းတပ်မြို့က စစ်ဘေးရှောင် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရခြင်းနဲ့ ပတ်သက်ပြီး မိမိတို့ လက်ချက် မဟုတ်ကြောင့် မီးရှို့ခံရတဲ့ နေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူတပ်စွဲထားတယ်လို့  CDF-Mindat တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၎င်းက ” မီးရှို့ခံရတာက ဆက်တိုက် မီးရှို့ခံရတာပေါ့နော်။ အခု မီးရှို့ခံရတဲ့ နေအိမ်တွေမှာ အိမ်ရှင်တွေမရှိဘူး။ ရပ်ကွက်ထဲမှာလည်း အရပ်သားတွေ နေထိုင်တာမရှိဘူး။ ပြီးတော့ စစ်ကောင်စီတွေ တပ်စွဲထားတယ်။ ကျွန်တော်တို့ကနေပြီး အဲ့စစ်ကောင်စီတပ်စွဲထားတဲ့ နေအိမ်တွေ မီးသွားရှို့တယ်ဆိုတာ မဖြစ်နိုင်တာ။ တိုက်ပွဲဖြစ်လို့ ကျွန်တော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင်း မီးလောင်တယ်လို့ပြောရအောင် စစ်ကောင်စီနဲ့ ကျွန်တော်တို့ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ မီးရှို့ရအောင်လည်း အကြောင်းကို မရှိဘူး။”လို့ ဆိုပါတယ်။

မင်းတပ်မြို့က စစ်ဘေးရှောင် နေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်စွဲထားပြီး မူးရူးသောက်စားကာ မီးရှို့ဖျက်ဆီးခြင်းဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

၎င်းက ” သူတို့(စစ်ကောင်စီ) တပ်စွဲထားတယ်။ အဲ့ဘက်မှာ ဘယ်သူမှသွားလို့မရဘူး။ မိုင်းတွေလည်း ထောင်ထားတဲ့အတွက် မီးလောင်ရင်တောင် ငြိမ်းပေးမဲ့ လူတောင်မရှိဘူး။ အခု မီးရှို့ခံရတာလည်း စစ်သားတွေဘဲ မီးရှို့တာပါ။ မီးရှို့တုန်းကဆို မူးရူးအော်ဟစ်ပြီးမှ မီးရှို့တာ အိမ်ကနေပြီး အသံတွေကြားနေရတယ်။”လို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့အနေဖြင့် ၎င်းတို့ တပ်ရင်း၊ တပ်စခန်းအတွက် ပစ်ကွင်းရှင်းအောင် အနီးအနားရှိ စစ်ဘေးရှောင် နေအိမ်တွေကို ဆက်တိုက် မီးရှို့တာဖြစ်တယ်လို့ ချင်းနိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

၎င်းက “မီးရှို့ခံရတဲ့ နေရာတွေဟာ စစ်ကောင်စီရဲ့ ခလရ ၂၇၄ တပ်ရင်းရှေ့ အနီးနားက နေအိမ်တွေဖြစ်တယ်။ အဲ့ဒီ တပ်ရင်းကို CDF တွေက တိုက်မယ်ဆို အခုမီးရှို့ခံရတဲ့ နေရာကနေပြီး ဝင်တိုက်နိုင်ချေရှိတယ်။ အဲ့ဒီအတွက်လည်း စစ်ကောင်စီက ရှေ့ပြေးကင်းအနေနဲ့ သူတို့ရဲ့တပ်ရင်းရှေ့က နေအိမ်တွေမှာ နေရာယူတပ်စွဲထားတယ်။ ပြီးတော့ ကတုံးကျင်း၊ ပုန်းခိုကျင်းတွေလည်း တူးထားပြီးပြီဖြစ်တဲ့ ပစ်ကွင်းရှင်းအောင် နေအိမ်တွေ မီးရှို့လိုက်တာဖြစ်တယ်။ အခုအိမ်တွေမရှိတော့ သူတို့ပစ်ကွင်းတွေ ရှင်းသွားပြီပေါ့။”လို့ ဆိုပါတယ်။

မင်းတပ်မြို့က စစ်ဘေးရှောင်နေအိမ်တွေကို CDF-Mindat နဲ့ အေအေတို့ အနေဖြင့် မီးရှို့ဖျက်ဆီးတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

သုံးသပ်ချက်

Moses Khawl Khawl အမည်ရှိ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ ချင်းညီနောင်အဖွဲ့(CB)အဖွဲ့ဝင်တွေနဲ့ အေအေတို့ကြား မဟုတ်မမှန် သတင်းတွေအမှားတွေ ဆက်တိုက် ရေးသားဖော်ပြတာ တွေ့ရပါတယ်။

အထက်ပါ သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူ၊ ဒေသခံပြည်သူ၊ နိုင်ငံရေးသမားတို့ရဲ့ ပြောဆိုချက်နဲ့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ စက်တင်ဘာလ ၁၂ ရက်နေ့ည မင်းတပ်မြို့က စစ်ဘေးရှောင်နေအိမ်တွေ မီးရှို့ခံရမူမှာ မှန်ကန်ကြောင်း၊ စစ်ဘေးရှောင်နေအိမ်တွေကို CDF-Mindat နဲ့ အေအေ တို့က မီးရှို့ဆိုတဲ့ အချက်လက်မှာ မှားယွင်းနေပါတယ်။

စာဖတ်ပရိသတ်အနေဖြင့်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်

၁၈ ၊စက်တင်ဘာ၊၂၀၂၄ Zalen ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်းတိုက်နယ်အမှတ် ၁ ရှိ၊မိုင် ၄၀ ကျေးရွာ အနီးအနားကို ဒီကနေ့ စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီ ခွဲ၀န်းကျင်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ...

ဆက်ဖတ်ရန်