မင်းတပ် မြို့မ ရဲစခန်းအနီး ခေါနူးရိပ်သာကို စစ်ကောင်စီက ဗုံးထပ်မံကြဲလို့ ထိခိုက်မှုရှိ

၂၈ ၊ အောက်တိုဘာ ၊၂၀၂၅

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့ ပေါ် မြို့မ ရဲစခန်းဟောင်းအနီး ခေါနူးရိပ်သာကို မနေ့က အောက်တိုဘာလ ၂၇ ရက် ၊ ည ၈ နာရီ၀န်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေထံကနေသိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင် စီက ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့တာကြောင့် အဆောက်အဦးထိခိုက်ပျက်စီးတာရှိသလို လူထိခိုက်မှုတွေလည်းရှိတယ်လို့ဆိုပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ ဒေသခံအမျိုးသမီးတစ်ဦးကတော့ ” မြို့မ ရဲစခန်း ဟောင်းအနီးကိုပစ်တာလို့ကြားတယ်။ ခေါနူးရိပ်သာကိုထပ်ပစ်တာတဲ့။ဟိုနေ့ကလည်းလာပစ်တယ်။ ညကပစ်တာတော့ လူ ‌၄ ဦးဒဏ်ရာရတယ်”လို့ Zalen ကိုပြောပါတယ်။

အဲဒီဒဏ်ရာရတဲ့ သူတွေထဲမှာ စစ်သုံ့ပန်း နှစ်ယောက် ပါသလို ထပ်မံပစ်ခတ်တဲ့ ဗုံးဒဏ်ကြောင့် အဆောက်အဦး အားလုံးထိခိုက်ပျက် စီးသွားတယ်လို့ထပ်မံရှင်းပြပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့တုန်းက မြို့မရဲစခန်းဟောင်းအနီးရိပ်သာကို စစ်ကောင်စီကလေကြောင်းကနေပစ်ခတ်ခဲ့ပြီး မနေ့က နောက်ထပ်တစ်ကြိမ် ထပ်မံပစ်ခတ်ခဲ့တာဖြ်ပါတယ်။

မင်းတပ်မြို့ကိုတော့ ချင်းညီနောင် နဲ့ မဟာ မိတ် တပ် ဖွဲ့များက ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ မြို့ကိုပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း – မိုးပီအောင်

ဓာတ်ပုံ – အောက်တိုဘာ ၂၆ ရက်နေ့က စစ်ကောင်စီပစ်ခတ်လို့ ပျက်စီးသွားတဲ့ ရိပ်သာ

နောက်ဆုံးရသတင်းများ

ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွား

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ အန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံများထံမှသိရပါတယ်။ ဇွန်လ ၇ရက်နေ့ကစပြီး ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းမှာ ...

ဆက်ဖတ်ရန်