မင်းတုန်းမြို့နယ်က ငကုန်း(ချင်း)ရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လို့ ရွာလုံးကျွတ် ထွက်ပြေး

၁၆၊ မလေ၊ ၂၀၂၄

Zalen

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ငကုန်း(ချင်း)ရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဆီက သိရပါတယ်။

မင်းတုန်းမြို့နယ်၊ ငကုန်း(ချင်း)ကျေးရွာကို မနေ့ မေလ ၁၅ ရက်နေ့ မနက် ၇ နာရီကစလို့ စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး (၁၀) လုံးနဲ့ ဗုံးကြဲ တိုက်ခိုက်သွားပြီး ကျေးရွာနေပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Zalen ad

“မနေ့အစောပိုင်းက လေကြောင်း တိုက်ခိုက်သွားတယ်လို့ သတင်းပို့လာပါတယ်။ ရွာသားတွေက ထိခိုက်မှုတော့ မရှိဘူး။ ရွာအနီးပတ်ဝန်းကျင်မှာ ဗုံးကြဲသွားတာပါ။ အခု ရွာသားတွေက ထွက်ပြေးနေကြပါတယ်။ အရင်ကလည်း စစ်ကြောင်း ထိုးလာရင် အဲ့ရွာက ထွက်ပြေးနေကြပါ။”လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)တာဝန်ခံက ​ပြောပါတယ်။

လေကြောင်း တိုက်ခိုက်ခံရတဲ့ ငကုန်း(ချင်း)ကျေးရွာနေ ပြည်သူတွေဟာ ဘေးလွတ်ရာ ချင်းရွာတွေမှာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ငကုန်း(ချင်း)ကျေးရွာဘက်သို့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအပြီးမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ငကုန်း(ချင်း)ကျေးရွာဟာ အိမ်ခြေ (၇၀) နီးပါးရှိပြီး ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။ အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ...

ဆက်ဖတ်ရန်