မဆာတွီကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် (၄) ကြိမ် ဗုံးကြဲတိုက်ခိုက်

 ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အိမ်ခြေ (၁၀၀) ခန့်ရှိ မဆာတွီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဇူလိုင် ၁၈ ရက် မနက် ၁၀ နာရီကျော်က လေယာဉ်ဖြင့် (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်ပါသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်သောကြောင့် လူနေအိမ်များပျက်စီးပြီး ဒေသခံပြည်သူ(၁၀၀၀)ခန့် သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ အရေးပေါ် ဆက်သွယ်ရန် ဖုန်းဘီလ်နှင့် စားနပ်ရိပ်က္ခာများ လိုအပ်နေသည်ဟု သိရှိရသည်။

၎င်းကျေးရွာအနီးတွင် ဒီနေ့ မနက် ( ၇း၁၅) မိနစ် မှစ၍ မိနစ် (၂၀)ခန့်ကြာ CDF ကန်ပက်လက်နဲ့ စစ်ကောင်စီတို့ ထိတွေ့ပစ်ခတ်မူ ဖြစ်ပွားပြီး ထိခိုက်သေဆုံးမူအား မသိရှိရသေးသည်။ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ၁၀ လုံးလောက်ပစ်ခတ်သည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်