မဏီပူရမြစ်နဲ့ မြစ်သာမြစ်မှာ White Water Rafting ပြုလုပ်ဖို့ ကနဦးလေ့လာစမ်းစစ်မှုပြုလုပ်

မဏီပူရမြစ်မှာ White Water Rifting လုပ်တုန်းက ကိုလှိုင်ထွန်းကိုတွေ့ရစဉ်

မဏီပူရမြစ်နဲ့ မြစ်သာမြစ်မှာ White Water Rafting ပြုလုပ်ဖို့ ကနဦးလေ့လာစမ်းစစ်မှုတွေပြုလုပ်

မဏီပူရမြစ်တစ်နေရာ

ချင်းပြည်နယ်မှ ကလေးမြို့နယ်သို့စီးဝင်တဲ့ မဏီပူရမြစ်နဲ့ မြစ်သာမြစ်ပေါ်မှာ လာမယ့်ခရီးသွားရာသီတွင် ရေကြည်မှာအပျော်တမ်းလှေလှော်ကစားခြင်း (White Water Rafting) ပြုလုပ်နိုင်ဖို့ ကနဦးလေ့လာစမ်းစစ်မှုတွေပြုလုပ်နေတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့မှာနေထိုင်တဲ့ ကိုလှိုင်ထွန်းက ဦးဆောင်ပြီး ဇွန်လ ၉ ရက်နေ့မှာ ကလေးမြို့နယ် မြစ်သာမြစ်အတွင်း အစမ်းလေ့ကျင့်မှုတွေပြုလုပ်ကြတယ်။ White Water Rafting ကစားနည်းဟာ ရေမကူးတတ်တဲ့သူတွေတွက် အန္တရာယ်များပေမယ့် ချင်းတောင်မှာမွေးပြီး မြစ်သာမြစ်ဘေးမှာကြီးပြင်းတဲ့ ကိုလှိုင်ထွန်းအတွက်တော့ လှေလှော်၊ ရေကူးခြင်းက နေ့စဉ်လုပ်နေကြအလုပ်လိုဖြစ်နေပါတယ်။

ကိုလှိုင်ထွန်းက “ကလေးမြို့မှာ သဘာဝအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာဖို့ soft Rafting ပြုလုပ်ဖို့ မြစ်ရဲ့အနေအထား၊ အသုံးပြုတဲ့ပစ္စည်းကိရိယာတွေရဲ့ အခြေအနေတွေ၊ လူတွေရဲ့ကျွမ်းကျင်မှုတွေကိုစမ်းစစ်တာပါ။ လှေလှော်ဖို့အကောင်းဆုံးအချိန်က နွေနဲ့ဆောင်းဖြစ်တယ်။ မိုးရာသီဆိုရင် ရေများလွန်းတော့ အန္တရာယ်ရှိတယ်” လို့ပြောပါတယ်။

ကိုလှိုင်ထွန်းနဲ့အဖွဲ့ဟာ ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ဖလမ်းမြို့နယ် ဗားရ်တံတားအနီးကနေ ကမ္ဘာနီးတံတားထိ ၂ ညအိမ် ၃ ရက်ခရီးနဲ့ လှေလှော်သွားခဲ့ဖူးပါတယ်။

ဤခရီးစဉ်နဲ့ပတ်သက်ပြီး ကိုလှိုင်ထွန်းက အတွေ့အကြုံတွေကို အခုလိုပြောပါတယ်။

မဏီပူရမြစ် လှလှော်သွားတဲ့ မြစ်တစ်နေရာမှာ ညအိပ်ရပ်နားစခန်း

“ရေစီးအရမ်းသန်တယ်။ ဝဲတွေလည်းအများကြီးပဲ။ ကျောက်ဆောင်ကျောက်တုံးတွေလည်းများတယ်။ ချင်းဘိုးဘွားတွေခေတ်ကအသုံးပြုထားတဲ့ ကြိုးတံတားတွေဆွေ့မြေးတာလည်းတွေ့တယ်။ ရှုခင်းတွေအရမ်းလှတယ်။ သစ်တောနက်ကြီးတွေ ကျားခြေရာတွေလည်းတွေ့တယ်။ အဲ့ကျားခြေရာနားမှာပဲ ညအိပ်ခဲ့ရတယ်။ ရှေ့ဆက်မတိုးနိုင်တော့လို့အိပ်တာ။ မနက်ဖြန်ဆက်သွားတော့ မုဆိုးတွေကိုပြတော့ ကြောင်ခြေရာမဟုတ်ဘူး အဲ့ဒါကြားခြေရာတဲ့။ ချင်းပြည်နယ်မှာ ကျားတွေလည်းရှိသေးတယ်” လို့ပြောပါတယ်။

ဆက်လက်၍ ကိုလှိုင်ထွန်းက “ဒီဟာက စွန့်စွန့်စားစားအားကစားပေါ့။ အစုအဖွဲ့ လုပ်ရတာပေါ့။ ရာဘာလှေ စီးရတာက တစ်ယောက်မညီညွှတ်တာနဲ့ အားလုံးဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်။ အဲ့လို အစုအဖွဲ့လုပ်ရင် အန္တရာယ်များတဲ့နေရာတောင်ကျော်ဖြတ်နိုင်တယ်။ ကလေးမြို့ မြစ်သာကတော့ ချင်းတောင်အတွက် လေ့ကျင့်တဲ့အနေအထားလောက်ပဲရှိတယ်။ ဒီမှာလေ့ကျင့်ပြီး တောင်ပေါ်မှာလှေစီးရင်းအဆေင်ပြေတယ်။ ဒီဟာကို မြန်မာနိုင်ငံမှာ Brand တစ်ခုဖြစ်တဲ့ထိမျှော်မှန်းတယ်။ ထိုင်းရဲ့ ခရီးသွားဝင်ငွေက မြန်မာနိုင်ငံ အသားတင်ဝင်ငွေနဲ့ညီတယ်။ အစိုးရစီလိုင်စင်တင်ဖို့ရှိတယ်။ ဟိုတယ်နဲ့ ခရီးသွားဌာနနဲ့လည်းတိုင်ပင်နေတယ်။ ဌာနေခရီးသွားကုမ္မဏီတွေနဲ့လည်း အနီးကပ် ညှိုနှိုင်းနေတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီကိစ္စက တစ်ယောက်ထဲလုပ်လို့မရဘူးလေ” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို (ခမီ) အမျိုးသားနှစ်ဦး သေဆုံး

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄။ Zalen မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ Raub မြို့မှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို့ (ခမီ) အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ ချင်းအမျိုးသားတစ်ဦးဆီက ...

ဆက်ဖတ်ရန်