မတူပီမြို့တွင် ကြိုးဖုန်းများလည်း ဖြတ်တောက်ခံထားရ

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံတပ်များအကြား တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မတူပီမြို့တွင် ကြိုးဖုန်းများလည်း တနင်္လာနေ့ မတ်၂၀ရက်ကစပြီး ဖြတ်တောက် ခံထားရပါတယ်။

ဒေသခံများဟာ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရပြီးနောက် ကြိုးလိုင်းဖုန်းများကို ပြောင်းလဲ အသုံးပြုလာကြသော်လည်း ခုတော့ ကြိုးဖုန်းများကိုလည်း စစ်ကောင်စီက ပြန်လည် ဖြတ်တောက်ထားတာဖြစ်ပါတယ်။

“တနင်္လာညနေပိုင်းတုန်းက ဖုန်းဆက်ကြည့်တာ၊ အရင်က ခေါ်ဆက်နေကြ ဖုန်းတွေကို ဆက်လို့မရတော့” ဟု မတူပီဘက်က ပြည်သူ တစ်ဦးက ပြောပါတယ်။

 မတူပီမြို့တွင် အင်တာနက် ဖြတ်တောက်ခံထားရလည်း ၁ နှစ်ကျော်လာပြီဖြစ်ကာ ဖုန်းလိုင်း ဖြတ်တောက်ခံထားရလည်း ၃ လ နီးပါးခန့် ရှိနေပြီဖြစ်ပါတယ်။ ခုလည်း ကြိုးဖုန်းများကို တဖန်ဖြတ်တောက်ထားသောကြောင့် မတူပီမြို့ကို ဘယ်လိုမှ ဆက်သွယ်လို့မရတော့သော အခြေအနေတွင် ရှိနေပါတယ်။ မတူပီမြို့တွင် အင်တာနက်များ ဖြတ်တောက်ခံထားရသော်လည်း ထွေအုပ်ရုံးနှင့် တပ်အတွင်းမှာတော့ အင်တာနက်ကိုလည်း အသုံးပြုနေကြကြောင်း မြို့ခံများက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မထင်မှတ်ပဲ သာမန်မဟုတ်တဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့ အောက်ချင်းငှက်

Grace သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ...

ဆက်ဖတ်ရန်