မတူပီမြို့နယ်က ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးမရှိသောကြောင့် ဒေသခံများ မြို့ပေါ်ဝင်ရန်ခက်ခဲ

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မတူပီမြို့နယ်မှာ စစ်တပ်က မြို့ပေါ်မှာသာ ထိန်းချုပ်မှု ပြုလုပ်နိုင်ပြီး ကျေးရွာများကိုလည်း ထိန်းချုပ်ရန် ကြိုးပမ်းရာ နည်းလမ်းတစ်ခုအဖြစ် ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများ ခန့်အပ်ထားရန် စစ်ကောင်စီက အကြောင်းကြားထားကြောင်း သိရပါတယ်။

သို့သော်လည်း ဒေသခံကာကွယ်ရေးတပ်များ စိုးမိုးထားသော ကျေးရွာများတွင်အုပ်ချုပ်ရေးမှူး ခန့်အပ်ရန် မဖြစ်နိုင်ပါဘူး။ တစ်ဘက်မှာတော့ ကျေးရွာများ အုပ်ချုပ်ရေးမှူး မခန့်အပ်နိုင်ခြင်းကြောင့် မတူပီမြို့ဝင်ရန် လိုအပ်သော ထောက်ခံစာကို အုပ်ချုပ်ရေးမှူးကနေ ယူရသောကြောင့် ရွာဘက်က ပြည်သူများဟာ ခုနောက် မြို့တွင်းသို့ဝင်ရန် ထောက်ခံစာ မရှိပဲ ဝင်လို့မရတော့ပါဘူး။

“မနေ့က မြို့ပေါ်ကနေ ရွာဘက်ကိုသွားတော့ မြို့ပေါ်က ထောက်ခံစာယူပြီး သွားတာ၊ ပြန်လာတော့ အုပ်ချုပ်ရေးမှူးမရှိတဲ့ ရွာမှာ ထောက်ခံစာ ယူလို့မရတော့ အဝင်ဂိတ်မှာ စစ်တပ်က ရစ်တာ ၅ နာရီလောက်ကြာတယ်” ဟုမြို့ခံတစ်ဦးက ပြောပါတယ်။

မကြာသေးခင်ကပဲ မတူပီမြို့မှာ စစ်တပ်ဘက်က တစ်ဦးက ပြည်သူများကို “မင်းတို့က ငါတို့အုပ်ချုပ်တာကို မကြိုက်တာ သိပါတယ်၊ ဒါပေမယ့် အုပ်ချုပ်ရေးမှူး အခန့်နိုင်ရင် မင်းတို့ပဲ ဒုက္ခပိုရောက်တာ” ဟု ပြောခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းများ

ဝင်ငွေထွက်ငွေမမျှလို့ ညည်းတွားနေရတဲ့ အိမ်ရှင်မတွေ

စာရေးသူ-ဇို စျေးကြီးတစ်ခုရဲ့ ကုန်စိမ်းတန်းဘက်ရောက်လာတော့ စျေးသည်အမျိုးသမီးတစ်ဦး မျက်နှာမ သာမယာနဲ့ ထိုင်နေတာကို သတိထားမိတယ်။ သူ့အနားရောက်တော့ ဘာကြောင့်မျက်နှာမကောင်းဖြစ်နေတယ်ဆိုတဲ့အဖြေကို သိလိုက်ရတယ်။ အဲဒီစျေးသည်အမျိုးသမီးက အသီးအနှံတွေ ရောင်းတာပါ။ အထူးသဖြင့် ရာသီပေါ်တွေဖြစ်တဲ့ သြဇာသီး၊ ကြက်မောက်သီး၊ မာလကာသီး စတဲ့အသီးအနှံတွေပဲ ...

ဆက်ဖတ်ရန်