မတူပီမြို့နယ်ရှိ ကိုင်ဆီးတောင်တွင် စစ်တပ်စခန်းချရန် ပြင်ဆင်နေဟုဆို

ချင်းပြည်နယ်၊ မတူပီမြို့ကနေ ၇ မိုင်ခန့်အကွာတွင်ရှိသော ကိုင်ဆီးတောင်တွင် စစ်တပ်ဟာ စခန်းတစ်ခုချရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

ယမန်နေ့ မတ် ၂၀ ရက် မနက် ၄ နာရီအချိန်တွင် စစ်ကားများဖြင့် စခန်းချရန်အတွက် လိုအပ်သော အုတ်၊ သဲများကို သယ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောပါတယ်။

ဒီလို မြို့အပြင်တွင် စစ်ကောင်စီက စခန်းချရန် ကြိုးပမ်းနေခြင်းဟာ မြို့ပေါ်တွင် CDF-Matupi တိုက်ပွဲဆင်မည်ဆိုတဲ့ ကောလဟာလများကြောင့် စစ်ကောင်စီဟာ မြို့အပြင်ဘက်တွင်လည်း စခန်းချရန် ပြင်ဆင်နေတာဖြစ်နိုင်ကြောင်း CDF-Matupi က တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ နိုင်ဂျွန်ကင်မ်က ပြောပါတယ်။

“သူတို့က အရင်ကလည်း ၉ မိုင်မှာ ယာယီစခန်းချတာတွေလည်း ရှိတယ်။ ခုလည်း ယာယီသဘောလို့ပဲ ထင်ပါတယ်။ တကယ်လို့ သူတို့က အဲ့မှာ စခန်းချမယ်ဆိုရင်လည်း ငါတို့အတွက် ပိုကောင်းတာပေါ့၊ မြို့အပြင်ကို ထွက်လာတာကို ကျွန်တော်တို့ဘက်ကတော့ ပိုတောင်ကြိုက်တယ်။ ပြည်သူတွေအတွက် စိုးရိမ်စရာ မလိုပဲ သွားတိုက်လို့ရသွားတာပေါ့” ဟု နိုင်ဂျွန်ကင်မ်က ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်