မတူပီမြို့နယ် စာသင်ကျောင်းများတွင်ကျောင်းသား၊သူဦးရေတိုးလာသော်လည်း ပုံနှိပ်စာအုပ်စျေးကြီးပေးဝယ်နေတာ ကြောင့်ကျောင်းသားများအခက်တွေ့

၆ ၊ ဇွန်၊ ၂၀၂၄

Zalen

ချင်းပြည်နယ် ၊မတူပီမြို့နယ်အတွင်းမှာတည်ရှိတဲ့ ကြားကာလပညာရေးတွင်ပညာသင်ကြားနေတဲ့ကျောင်းသား၊သူ ဦးရေဟာအရင်နှစ်ထက်တိုးလာသော်လည်း ကျောင်းသင် ပုံနှိပ်စာအုပ်ရှားပါးတာနဲ့စျေးကြီးပေးဝယ်ရတာကြောင့်ကျောင်းသားများအခက်တွေ့နေတယ်လို့သိရပါတယ်။

မတူပီမြို့နယ် ပညာရေးဌာနတွင် အမှတ်အလိုက် သတ်မှတ်ပေးပြီး ကြားကာလပညာရေး ( NUG) တွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးမှချိန်စပြီး ကျောင်းသား၊သူများဟာပညာရေးကိုခက်ခက်ခဲခဲ သင်ကြားလာကြပြီး စနစ်သစ်နဲ့စနစ်ဟောင်း ၂ ခုစလုံး သင်ကြားပို့ချနေတယ်လို့သိရပါတယ်။

Zalen ad

ကျောင်းသား၊သူများအတွက်လိုအပ်တဲ့ သင်ရိုးစာအုပ်များကို ကြားကာလ ပညာရေး NUG အစိုးရထံမှအနည်းငယ်မျှသာရရှိကြပြီး ကျောင်းသားတိုင်းသင်ရိုးစာအုပ်မရကြတာကြောင့်ကျောင်းသား၊သူများ စာသင်နေချိန် ခက်ခဲတချို့ရှိနေပါတယ်။

မတူပီမြို့နယ်အတွင်း ပုံနှိပ်စာအုပ်များကို မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှအဓိကဝယ်ယူရရှိတာကြောင့် ဒေသအတွင်း ၁၁ တန်း ( Grade 12) ပုံနှိပ်စာအုပ် တစ်စုံ ၅၀၀၀၀ နဲ့ ပေးဝယ်ကြပါတယ်။

” မတူပီမြို့မှာဝယ်မရတော့ ဆောဘက်ကမှာတဲ့ဟာပဲအဓိကယူကြပါတယ်။ ၁၁ တန်း စာအုပ် တစ်စုံက ၅၀၀၀၀ လောက်ရှိနေတော့အခုကာလခက်ခဲတဲ့အချိန်မဝယ်နိုင်ကြဘူး ၂ ယောက်ပေါင်းပြီး ယူကြတာလည်းရှိတယ်”လို့ အမှတ် ၄ တွင်ပညာသင်ကြားနေတဲ့ကျောင်းသူတဦးကပြောပါတယ်။

၂၀၂၃ -၂၀၂၄ ခုနှစ် တွင် မတူပီမြို့နယ်တွင် ကြားကာလ ပညာရေး တွင်ပညာသင်ကြားနေတဲ့ကျောင်းသား၊သူ လူဦးရေဟာ KG တန်းမှ Grade 12 အထိ ကျောင်းသူ၊သား အယောက် ၂၀၀၀ ကျော်ရှိနေပြီး ( လိုင်လင်းပီ နဲ့ ရေဇွာ မြို့နယ်မပါ) ယခုနှစ်တွင်ကျောင်းသားဦးရေ ပိုများနေတယ်လို့သိရပါတယ်။

သတင်း -သမိုင်းသစ်

နောက်ဆုံးရသတင်းများ

မရာဒေသမှာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် လူငယ် ၁၀၀ ကျော်ကို MDF ဖမ်းဆီးခေါ်ဆောင်

ဧပြီ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မရာဒေသမှာ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (MDF) က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် ဒေသခံလူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ...

ဆက်ဖတ်ရန်