မတူပီမြို့နယ် ရေဇွာမြို့ကပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင်ကြရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်က ရေဇွာမြို့ဒေသခံပြည်သူများနဲ့ အနီးနားကကျေးရွာတွေဟာ နီးစပ်ရာကျေးရွာနဲ့ တချို့ကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ဒေသခံတွေထံက သတင်းရရှိပါတယ်။

ရေဇွာမြို့တပ်စခန်းကို CDF တပ်တွေက ၂၀၂၁ ခုနှစ် အောက်တိုလပိုင်းကစပြီးအပြင်ကနေဝိုင်းထားတာကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်က အနီးနားက လူနေအိမ်တွေကို လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်လို့ စတင်ထွက်ပြေးကြပါတယ်။

ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ မတူပီမြို့မှာ စစ်တပ်အင်အားဖြည့်တင်းလာတာနဲ့ မတူပီမြို့နယ်မှာ အရပ်သားပြည်သူ ၁၀ ဦးရက်ရက်စက်စက်သတ်ဖြတ်တာကြောင့်ရယ် မတူပီ-ရေဇွာလမ်းတလျှောက် တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ဒေသခံပြည်သူတွေအထိတ်တလန့်ဖြစ်ပွားပြီးထွက်ပြေးကြပါတယ်။
ရေဇွာမြို့ဟာ အိမ်ခြေ ၈၀၀ နီးပါးရှိပြီး အနီးနားက ကျေးရွာ ၇ ရွာကပြည်သူတွေ ရွာလုံးကျွတ်နီးပါးလည်း အိန္ဒိယဘက်ကိုထွက်ပြေးကြပါတယ်။

Zalen ad

၎င်းတို့ဟာ မီဇိုရမ်ပြည်နယ် ရှာဟာခရိုင်ထဲက ကျေးရွာ ၁၁ ရွာမှာ ယာယီတဲဆောက်ပြီးနေထိုင်ကြပါတယ်။ မီဇိုရမ်ပြည်နယ်ဘက်ကိုထွက်ပြေးလာတဲ့ပြည်သူဟာ အိမ်ထောင်စု ၅၃၄၊ လူဦးရေ ၂၇၅၇ ဦးရှိပါတယ်။

Zawgyi

မတူပီၿမိဳ႕နယ္ ေရဇြာၿမိဳ႕ကျပည္သူအားလံုး ထြက္ေျပးတိမ္းေရွာင္ၾကရ

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္က ေရဇြာၿမိဳ႕ေဒသခံျပည္သူမ်ားနဲ႔ အနီးနားကေက်း႐ြာေတြဟာ နီးစပ္ရာေက်း႐ြာနဲ႔ တခ်ိဳ႕ကေတာ့ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္ၾကတယ္လို႔ေဒသခံေတြထံက သတင္းရရွိပါတယ္။

ေရဇြာၿမိဳ႕တပ္စခန္းကို CDF တပ္ေတြက ၂၀၂၁ ခုႏွစ္ ေအာက္တိုလပိုင္းကစၿပီးအျပင္ကေနဝိုင္းထားတာေၾကာင့္ အာဏာသိမ္းစစ္ေကာင္စီတပ္က အနီးနားက လူေနအိမ္ေတြကို လက္နက္ႀကီးနဲ႔ရမ္းသမ္းပစ္ခတ္လို႔ စတင္ထြက္ေျပးၾကပါတယ္။

ၿပီးေနာက္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွာ မတူပီၿမိဳ႕မွာ စစ္တပ္အင္အားျဖည့္တင္းလာတာနဲ႔ မတူပီၿမိဳ႕နယ္မွာ အရပ္သားျပည္သူ ၁၀ ဦးရက္ရက္စက္စက္သတ္ျဖတ္တာေၾကာင့္ရယ္ မတူပီ-ေရဇြာလမ္းတေလွ်ာက္ တိုက္ပြဲေတြျဖစ္ပြားတာေၾကာင့္ ေဒသခံျပည္သူေတြအထိတ္တလန႔္ျဖစ္ပြားၿပီးထြက္ေျပးၾကပါတယ္။
ေရဇြာၿမိဳ႕ဟာ အိမ္ေျခ ၈၀၀ နီးပါးရွိၿပီး အနီးနားက ေက်း႐ြာ ၇ ႐ြာကျပည္သူေတြ ႐ြာလုံးကြၽတ္နီးပါးလည္း အိႏၵိယဘက္ကိုထြက္ေျပးၾကပါတယ္။

၎တို႔ဟာ မီဇိုရမ္ျပည္နယ္ ရွာဟာခ႐ိုင္ထဲက ေက်း႐ြာ ၁၁ ႐ြာမွာ ယာယီတဲေဆာက္ၿပီးေနထိုင္ၾကပါတယ္။ မီဇိုရမ္ျပည္နယ္ဘက္ကိုထြက္ေျပးလာတဲ့ျပည္သူဟာ အိမ္ေထာင္စု ၅၃၄၊ လူဦးေရ ၂၇၅၇ ဦးရွိပါတယ္။

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်