မတူပီမှာ CDF-Matupi တပ်မဟာ (၁) နဲ့ AA တို့ ပစ်ခတ်မူဖြစ်ပြီး CDF-Matupi ရဲဘော်တစ်ဦး ကျဆုံးဆိုတဲ့ သတင်းအမှား

၄၊ အောက်တိုဘာ၊ ၂၀၂၄။

Zalen

ချင်းပြည်နယ်၊ မတူပီမြို့မှာ ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်တဲ့ ချင်းကာကွယ်ရေးတပ် – မတူပီ တပ်မဟာ (၁)နဲ့ အာရက္ခတပ်တော် (AA) တို့ ပစ်ခတ်မှုဖြစ်ပြီး CDF-Matupi ရဲဘော်တစ်ဦး ကျဆုံးတယ်လို့ The Chinland Information အမည်ရှိ ဖေ့စ်ဘွတ်ပေ့ချ်က စက်တင်ဘာလ ၃၀ ရက်နေ့က Live လွှင့်ပြီး ပြောဆိုထားပါတယ်။

The Chinland Information ဖေ့စ်ဘွတ်ပေ့ချ်က လိုင်(ချင်း) ဘာသာစကားနဲ့ “မတူပီမှာ CB အဖွဲ့ဝင်ဖြစ်တဲ့ CDF-Matupi တပ်မဟာ (၁) နဲ့ AA တို့ အစည်းအဝေးကျင်းပနေတုန်း အငြင်းပွားမှုဖြစ်ကာ ပစ်ခတ်မူဖြစ်တယ်။ ပြဿနာကဘာလဲဆို မတူပီမြို့နယ် ချင်းလဲန်းကောင်စီရှိတဲ့နေရာကို သိမ်းဖို့ဆွေးနွေးကြတယ်။ အဲ့ဒါကို မတူပီ တပ်မဟာ ၁ ကမကြိုက်ဘူး။ တခြား ချင်းညီနောင်တွေမကန့်ကွက်ဘူး။ ဒါကြောင့် အေအေက ပစ်တာ။ CDF-Matupi တပ်မဟာ (၁)ဘက်က ရဲဘော် လာဘန် ကျဆုံးတယ်။” လို့ Live လွင့်ပြောဆိုထားပါတယ်။

မူရင်းလင့်ခ်

https://www.facebook.com/share/v/xn8tkgCVcRhz3WE4/?mibextid=qi2Omg

အဲ့ဒီ Live ကို အောက်တိုဘာလ ၃ ရက်နေ့ထိ ကြည့်ရှူသူ ၉၀၁၀၀ ကျော်၊ ကြိုက်နှစ်သက်သူ ၈၇၂ ဦး၊ မှတ်ချက်ပေးသူ ၃၉၅ ဦးနဲ့ ပြန်လည်မျှဝေသူ ၁၄၄ ဦးထိရှိပါတယ်။

စိစစ်ဆေးတွေ့ရှိချက်

_____________

Zalen Fact -Checking Team က စိစစ်တဲ့အခါ မတူပီမြို့မှာ ချင်းညီနောင်အဖွဲ့ဝင် (CB) ဖြစ်တဲ့ CDF-Matupi တပ်မဟာ (၁) နဲ့ အာရက္ခတပ်တော် (AA) တို့ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲဘော်တစ်ဦးကျဆုံးတာ မတွေ့ရှိရပါ။

မတူပီမှာ မဟာမိတ် အာရက္ခတပ်တော်(AA)နဲ့ ချင်းကာကွယ်ရေးတပ်(မတူပီ) တပ်မဟာ (၁)တို့ ပစ်ခတ်မှုဖြစ်တယ်ဆိုတာ မဟုတ်မမှန်ကြောင်း ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်သလို၊ CDF-Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ခံလည်းဖြစ်တဲ့ Boi Uk Samuel က ပြောပါတယ်။

၎င်းက ” မတူပီမှာ မဟာမိတ် အာရက္ခတပ်တော် နဲ့ မတူပီ တပ်မဟာ ၁ ပစ်ခတ်မှု ဖြစ်တယ်ဆိုတာက မဟုတ်ပါဘူး။ သတင်းရစ်မြစ်ကို စုံစမ်းကြည့်တော့ အဖွဲ့စည်းတစ်ခုကနေ လာတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ဇာတ်အိမ်ဖွဲ့ပြီး ပြောကြားတဲ့အထဲမှာ တပ်မဟာ ၁ ရဲဘော် လာဘန် ကျတယ်ဆိုပြီး ပြောပါတယ်။ စခန်းမှာ ရဲဘော်လာဘန် ကိုယ်တိုင် သူ့သတင်းသူဖတ်ပြီး ရယ်နေရတာပါ။”လို့ ဆိုပါတယ်။

ချင်းပြည်သူတွေ သတင်းအမှားတွေပေးပြီး အတွေးမှား အယူမှား ဖြစ်စေပြီး အတွေးမှားကနေ လုပ်ရပ်မှားတွေဖြစ်စေပါတယ်လို့ ဆိုပါတယ်။

မတူပီမှာ ယခုရက်ပိုင်းတွင်း မည်သည့်ပစ်ခတ်သံတွေ မရှိသလို CDF-Matupi တပ်မဟာ (၁) နဲ့ AA တို့ ပစ်ခတ်မှုဖြစ်ပွားတယ်ဆိုတာ လုံးဝ မဟုတ်ဘူးကြောင်း မတူပီဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းက “မတူပီမှာ ပစ်ခတ်မှုဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ အခုရက်ပိုင်း ဘာသေနတ်သံမှ မကြားရဘူး။ ဒါဟာ မဟုတ်မမှန် သတင်းတွေဖြန့်နေတာပါ။ ပြီးတော့ ပြည်သူတွေ အထိန့်တလန့်ဖြစ်စေတဲ့ သတင်းအမှားတွေဖြစ်တဲ့အတွက် အဲ့ဒီလို သတင်းမျိုး မဖြန့်သင့်ပါ။ အခုချိန်မှာ ပြည်သူတွေဟာ မတူပီမြို့သိမ်း တိုက်ပွဲတုန်းက ကြောက်စိတ်တွေက ရှိနေဆဲဖြစ်တဲ့အတွက် ဆင်ခြင်သင့်ပါတယ်။”လို့ ဆိုပါတယ်။

CDF-Matupi တပ်မဟာ (၁) နဲ့ AA တို့ ပစ်ခတ်မှုဖြစ်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း ၎င်းတို့နှစ်ဖွဲ့ဟာ စစ်အာဏာရှင် တော်လှန်နေကြတဲ့ တော်လှန်ရေး မဟာမိတ်တွေဖြစ်တယ်လို့ ချင်းနိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

၎င်းက” CDF-Matupi တပ်မဟာ (၁)နဲ့ AA တို့ဟာ မတူပီမြို့သိမ်း တိုက်ပွဲကို အတူဆင်နွှဲခဲ့ကြတဲ့ တော်လှန်ရေး မဟာမိတ်တွေဖြစ်ကြတယ်။ အဲ့ဒီ မဟာမိတ်အဖွဲ့တွေကြား တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပစ်ခတ်မှုဖြစ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အခုလို တော်လှန်ရေးကာလမျိုးမှာပေါ့။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှု သဘောထားကွဲလွဲသွားရင်တောင် တွေ့ဆုံညှိနှိုင်းမူနဲ့ အဖြေရှာကြမှာဖြစ်တယ်။ ဒီလိုမျိုး သတင်းတွေဟာ အခြေမြစ်မရှိတဲ့ သတင်းတွေဖြစ်တယ်။”လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့နဲ့ ပြည်သူတွေကြား မဟုတ်မမှန် သတင်းအမှားတွေဖြန့်ဝေနေတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ၊ ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့အတွက် မိမိတစ်ဦးစီအနေသော်လည်းကောင်း၊ အဖွဲ့စည်းတွေအနေနဲ့သော်လည်းကောင်း တတ်နိုင်သမျှ ရှောင်ကျဥ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

သုံးသပ်ချက်

________

The Chinland Information အမည်ရှိ ဖေ့စ်ဘွတ်ပေ့ချ်ာ ချင်းညီနောင်အဖွဲ့(CB)အဖွဲ့နဲ့ AA တို့ကြား မဟုတ်မမှန် သတင်းတွေအမှားတွေ ဆက်တိုက် Live လွင့်ထားတာ တွေ့ရပါတယ်။

အထက်ပါ သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူ၊ ဒေသခံပြည်သူနဲ့ ချင်းနိုင်ငံရေးလေ့လာစောင့်ကြည့်သူတို့ရဲ့ ပြောဆိုချက်အရ မတူပီမှာ AA တပ်ဖွဲ့ရှိတယ်ဆိုတဲ့ သတင်းမှာ မှန်ကန်ကြောင်း၊ CDF-Matupi တပ်မဟာ (၁) နဲ့ AA တို့ ပစ်ခတ်မှုဖြစ်ပွားပြီး CDF-Matupi ရဲဘော်တစ်ဦး ကျဆုံးဆိုတဲ့ အချက်လက်မှာ မှားယွင်းနေပါတယ်။

စာဖတ်ပရိသတ်အနေဖြင့်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်