မနက်ဖြန် မတူပီမှာ ဝန်ကြီးချုပ်ကို ဆန္ဒပြမယ်လို့သတင်းရရှိ

မတူပီခရိုင်ရုံးတည်ဆောက်မယ့်နေရာနဲ့ပတ်သက်ပြီး ဒေသခံတွေမကျေနပ်တာကြောင့် မနက်ဖြန် (ဒီဇင်ဘာ ၁၇) ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ် မတူပီလာရောက်စဉ်ဆန္ဒပြကြမယ်လို့သတင်းရရှိပါတယ်။

မတူပီမြို့မှာ ရပ်ကွက်(၅)ခုရှိပြီး ဆန္ဒပြမယ့်ရပ်ကွက်တွေကတော့ စန်းဘောန်၊ ခိုဘွေ၊ လောင်ဗန်း၊ ငလား ရပ်ကွက်တွေဖြစ်ပါတယ်။

မတူပီမြို့ဒေသခံတစ်ဦးက “မတူပီခရိုင်ရုံးတည်ဆောက်ဖို့လျာထားတဲ့နေရာက မြို့ပြင် စစ်တပ်နေရာနဲ့လည်းနီးတော့ အဲ့ဒါကိုအဓိက သဘေမတူတာ။ ဝန်ထမ်းတွေထဲမှာ အမျိုးသမီးတွေလည်းရှိမှာဆိုတော့ သူတို့တွက် မလုံခြုံဘူးလို့ယူဆရတယ်။ အရင်တုန်းကလည်း အကြိမ်ကြိမ်ဒီကစ္စကိုစာတင်ပေမယ့် အစိုးရဘက်ကဘာမှပြန်စာမလာဘူး”လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်