၂၇၊ အောက်တိုဘာ၊ ၂၀၂၃
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နဲ့ တောင်ဥက္ကဌလာပမြို့နယ်တွေမှာ အောက်တိုဘာ ၂၆ ရက် ညပိုင်းက ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၇နာရီဝန်းကျင်မှာ တောင်ဥက္ကလာပမြို့နယ်ရှိ မြဝတီဘဏ်အနီးနဲ့ မရမ်းကုန်းမြို့နယ်က စစ်ကြောရေး ရဲစခန်းအနီးမှာ ပေါက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ ပေါက်ကွဲသံတွေတော့ ကြားရတယ်။ အဲ့လို ကြားပြီးတော့ သူတို့က စစ်ဆေးတာတွေလုပ်တယ်။ မရမ်းကုန်းဘက်က နေအိမ်တချိုု့ကို ဧည့်စာရင်း ဝင်စစ်တာလည်းရှိတယ်လို့ ကြားတယ်။ တောင်ဥက္ကလာမှာ အဲ့ပေါက်ကွဲတဲ့ နေရာရဲ့အနီးအနားက လမ်းသွားလမ်းလာတွေ၊ ကားတွေ စစ်တာရှိတယ်။ ” လို့ တောင်ဥက္ကလာပမြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီပေါက်ကွဲမှုနှစ်ခုလုံးကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲခဲ့တာလို့ ပြောကြပေမယ့် တိတိကျကျ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
အောက်တိုဘာလ ၂၅ ရက် နေ့ ညက အင်းစိန်မြို့နယ်၊ စစ်ကောင်စီ စုပေါင်းရုံးအနီးမှာ လည်း ပေါက်ကွဲမှုဖြစ်ခဲ့ပါ သေးတယ်။
ချစ်ခြင်းနွေ