မလေးရှားမှာ မင်းတပ်မြို့နယ်ဒေသခံ ချင်းအမျိုးသားတစ်ဦး ကျားဆွဲခံရပြီး သေဆုံး

အောက်တိုဘာ ၁၇ရက်၊ ၂၀၂၄

Zalen

မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်၊ ဂျလီခရိုင်ထဲက စိုက်ပျိုးရေးတစ်နေရာမှာ ချင်းအမျိုးသားတစ်ဦး ကျားဆွဲခံရပြီး သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၂၈နှစ် ဝန်းကျင် ဆလိုင်းဟုန်ရှိန်းဖေ လို့သိရပြီး ၎င်းဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာ ဇာတိဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

မနေ့ အောက်တိုဘာ ၁၆ ရက် ည ၈း၁၅ နာရီဝန်းကျင်မှာ ကျားဆွဲခံရတာဖြစ်ပြီး ရုပ်အလောင်းကို ဒီနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပြန်တွေ့တယ်လို့ သိရပါတယ်။

“အလုပ်ကနေအပြန် ထမင်း၊ ဟင်းချက်ဖို့ ပြင်ဆင်နေတုန်း ကျားဆွဲခံရတာဖြစ်တယ်။ ကျွန်တော်တို့လည်း ဘာအသံမှလည်း မကြားရဘူး။ ချက်ချင်းရှာပေမဲ့ မတွေ့ဘူး။အလောင်းကို ဒီနေ့မနက်မှာ ပြန်တွေ့တယ်။”လို့ ၎င်းနဲ့နီးစပ်သူက ဆိုပါတယ်။

သေဆုံးသူ ဆလိုင်းဟုန်ဖေရှိန်းရဲ့ ရုပ်အလောင်းကို ဒီကနေ့မနက်မှာ ခြေနှစ်ဖက်စလုံး ကျားကိုက်ဒဏ်ရာနဲ့ တောတွင်းတနေရာမှာ ပြန်လည်တွေ့ရှိတယ်လို့ သိရပါတယ်။

ကလန်တန်ပြည်နယ်ဟာ ကျား၊ ဆင်ရိုင်း အလွန်ပေါတဲ့ နေရာဖြစ်ပြီး စိုက်ပျိုးရေးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဂရုစိုက်ဖို့ ချင်းအမျိုးသားတစ်ဦးက တိုက်တွန်းထားပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

အိန္ဒိယနိုင်ငံ နယူး​ဒေလီရှိ မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri ရပ်ကွက်တွင် က​လေးခိုး ယူဖို့ကြိုးစားမှုထပ်မံဖြစ်ပွား

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။ Zalen အိန္ဒိယနိုင်ငံ New Delhi မြို့၊ Janakpuri west ရှိ  မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri Part-1 အနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ရက် ည ၇း၃၀နာရီအချိန်ခန့်က ...

ဆက်ဖတ်ရန်