မလေးရှားမှာ မြန်မာနိုင်ငံသား ၂၉ ဦး လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရ

Zalen

သြဂုတ်လ ၂၄၊ ၂၀၂၄

မလေးရှားနိုင်ငံ၊ Klang Valley မြို့ရှိ အဆောက်အဦး ၄ ခုကို Bukit Aman ရဲ့ မှုခင်းစုံစမ်းစစ်ဆေးရေးဌာန (CID) မှ လူကုန်ကူးမှု နဲ့ ပတ်သက်ပြီး ဝင်ရောက်စီးနင်းရာ မြန်မာနိုင်ငံသား ၂၉ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ဩဂုတ်လ ၂၂ရက်နေ့က စစ်ဆေးမူ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာ အမျိုးသား ၂၂ ယောက်၊ အမျိုးသမီး ၂ယောက်နဲ့ မလေးရှားနိုင်ငံကို မှောင်ခို လူတင်သွင်းပေးကြတဲ့ ပွဲစား ၅ဦးတို့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။

“အဖမ်းခံရတာက မြန်မာတွေချည်းဘဲ။ မလေးရှားကို အလုပ်လုပ်ဖို့ တရားမဝင် တင်သွင်းတာဖြစ်လို့ ဝင်ရောက်ဖမ်းဆီးတာဖြစ်ပါတယ်။ အခုဘယ်လိုဆောင်ရွက်ကြမလဲ မသိသေးဘူး။ ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။”လို့ ဖြစ်စဥ်ကိုသိတဲ့ မြန်မာအမျိုးသားတစ်ဦးက ဆိုပါတယ်။

အဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးကျွန်းဆွယ်၊ အရှေ့ဘက် ကမ်းရိုးတန်းမှ ခိုးဝင်လာရန်အတွက် မြန်မာပွဲစားတွေကို မလေးရင်းဂစ် ၂၀၀၀ ကနေ ၃၀၀၀ အကြားပေးဆောင်ရတယ်လို့ သိရပါတယ်။

မြန်မာပွဲစားတွေနဲ့ မှောင်ခိုကူးခံရတဲ့သူတွေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မဖြစ် စစ်ဆေးအရေးယူဖို့ Kajang, Cheras ရဲစခန်းမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်