မလေးရှားမှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသားအပါဝင် နိုင်ခြားသား ၅၃၀ ဦး ထပ်မံ ဖမ်းဆီးခံရ

၃၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

မလေးရှားနိုင်ငံ၊ ဆလန်ဂေါ်ပြည်နယ်၊ စီရီကမကမ်းမြို့၊ စာဒန်း(ပဆာဘိုးရုန်း)စျေးအနားမှာ အထောက်ထားမဲ့ မြန်မာနိုင်သား အပါဝင် နိုင်ငံခြားသား အယောက် ၅၃၀ ဦး ဖမ်းဆီးခံရတယ်လို့ သတင်းရရှိပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့၊ နံနက် ၂ နာရီ ၄၀ မိနစ်ချိန်မှာ မလေးရှား လူဝင်မူကြီးကြပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ အခြားဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက အင်အားအလုံးရင်းနဲ့ ပိတ်ဆို့ပြီး ဝင်ရောက် စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

” အင်အားအများကြီး သုံးပြီး ဝင်ဖမ်းတာ။ ဒီအနီးနားမှာ အော်ပရာစီ ဝင်မယ်ဆိုပြီး သတင်းကြားထားတဲ့ မြန်မာတချို့တွေ ရှောင်တယ်။ ဒီဘက်မှာက နိုင်ငံခြားသားတွေများတယ်။ အခုနောက်ပိုင်း နေရာ အနှံ့မှာ ဝင်ဖမ်းပါတယ်။ အိမ်စီးကား၊ လိုင်းကားတွေ စီးလည်း ရှောင်တခွင် ဝင်စစ်တာလည်း ရှိတယ်။ အခုချိန်က ဘယ်မှ မသွားတာ အကောင်းဆုံးဘဲ။”လို့ စာဒန်းစျေးအနီး နေထိုင်သူ မြန်မာနိုင်သား တစ်ဦးက Zalen ကို ပြောပါတယ်။

အဖမ်းဆီးခံရတဲ့ထဲမှာ မလေးရှားသို့ တရားမဝင် ဝင်ရောက်နေထိုင်လာသူတွေ၊ အလည်ဗီဇာဖြင့် လာလည်ကာ အလုပ်လုပ်ကိုင်နေသူတွေ၊ ဗီဇာစာအုပ် သက်တမ်းကုန်ဆုံးတဲ့ လူတွေ ဖြစ်ပြီး အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား ၅၁၉ ဦး စုစုပေါင်း ၅၃၀ ဦး ဖြစ်ပါတယ်။

မလေးရှားမှာ ဇန်နဝါရီ တစ်လတွင်း တရားမဝင်လာနေထိုင်တဲ့ နိုင်ငံခြားသား ငါးထောင်ခန့် ဖမ်းဆီးထားနိုင်ခဲ့တယ်လို့ မလေးရှား လဝက အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ဖမ်းဆီးခံရတဲ့ထဲမှာ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ရှိတယ်လို့ မြန်မာလူမူကူညီရေးအသင်း(မလေးရှား)ထံက သိရပါတယ်။

သတင်း-ဗခေတ်

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်