မလေးရှားမှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသားအပါဝင် နိုင်ခြားသား ၅၃၀ ဦး ထပ်မံ ဖမ်းဆီးခံရ

၃၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

မလေးရှားနိုင်ငံ၊ ဆလန်ဂေါ်ပြည်နယ်၊ စီရီကမကမ်းမြို့၊ စာဒန်း(ပဆာဘိုးရုန်း)စျေးအနားမှာ အထောက်ထားမဲ့ မြန်မာနိုင်သား အပါဝင် နိုင်ငံခြားသား အယောက် ၅၃၀ ဦး ဖမ်းဆီးခံရတယ်လို့ သတင်းရရှိပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့၊ နံနက် ၂ နာရီ ၄၀ မိနစ်ချိန်မှာ မလေးရှား လူဝင်မူကြီးကြပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ အခြားဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက အင်အားအလုံးရင်းနဲ့ ပိတ်ဆို့ပြီး ဝင်ရောက် စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

” အင်အားအများကြီး သုံးပြီး ဝင်ဖမ်းတာ။ ဒီအနီးနားမှာ အော်ပရာစီ ဝင်မယ်ဆိုပြီး သတင်းကြားထားတဲ့ မြန်မာတချို့တွေ ရှောင်တယ်။ ဒီဘက်မှာက နိုင်ငံခြားသားတွေများတယ်။ အခုနောက်ပိုင်း နေရာ အနှံ့မှာ ဝင်ဖမ်းပါတယ်။ အိမ်စီးကား၊ လိုင်းကားတွေ စီးလည်း ရှောင်တခွင် ဝင်စစ်တာလည်း ရှိတယ်။ အခုချိန်က ဘယ်မှ မသွားတာ အကောင်းဆုံးဘဲ။”လို့ စာဒန်းစျေးအနီး နေထိုင်သူ မြန်မာနိုင်သား တစ်ဦးက Zalen ကို ပြောပါတယ်။

အဖမ်းဆီးခံရတဲ့ထဲမှာ မလေးရှားသို့ တရားမဝင် ဝင်ရောက်နေထိုင်လာသူတွေ၊ အလည်ဗီဇာဖြင့် လာလည်ကာ အလုပ်လုပ်ကိုင်နေသူတွေ၊ ဗီဇာစာအုပ် သက်တမ်းကုန်ဆုံးတဲ့ လူတွေ ဖြစ်ပြီး အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား ၅၁၉ ဦး စုစုပေါင်း ၅၃၀ ဦး ဖြစ်ပါတယ်။

မလေးရှားမှာ ဇန်နဝါရီ တစ်လတွင်း တရားမဝင်လာနေထိုင်တဲ့ နိုင်ငံခြားသား ငါးထောင်ခန့် ဖမ်းဆီးထားနိုင်ခဲ့တယ်လို့ မလေးရှား လဝက အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ဖမ်းဆီးခံရတဲ့ထဲမှာ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ရှိတယ်လို့ မြန်မာလူမူကူညီရေးအသင်း(မလေးရှား)ထံက သိရပါတယ်။

သတင်း-ဗခေတ်

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်