မလေးရှားရောက် မြန်မာအချင်းအချင်း အလုပ်သွင်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်မူ ပိုများလာ

၂၆၊ အောက်တိုဘာ၊ ၂၀၂၃

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားအချင်းချင်း အလုပ်သွင်းပေးမယ်လို့ဆိုကာ အခကြေးငွေယူပြီး လိမ်လည်မူ ပိုများလာတယ်လို့ မလေးရှားရောက် မြန်မာသားတွေထံက သတင်းရရှိပါတယ်။

ယခင်နှစ်တွေထက် မလေးရှားနိုင်ငံတွင် အလုပ်အကိုင်ရှားပါးလာပြီး ပြည်တွင်းနိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေကြောင့် မလေးရှားနိုင်ငံတွေ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

မလေးရှားတွင် အလုပ်အကိုင်ရှားပါးမူကြောင့် မြန်မာနိုင်သားအချင်းချင်း အလုပ်သွင်းပေးမယ်လို့ဆိုကာ အခငွေကြေး(ပွဲစားခ)ပေးနေရပြီး ၎င်းအခငွေကြေးယူပြီး လိမ်လည်မူတွေလည်း ပိုများလာတယ်လို့ မြန်မာနိုင်ငံသား တစ်ဦးက Zalen ကို ပြောပါတယ်။

“မလေးရှားမှာ အလုပ်အကိုင်ရှားတာ ၃ နှစ်လောက်ရှိပြီ၊ အခုမှ မလေးရှားရောက်လာတဲ့သူတွေ မသိနားမလည်တာကို အခွင့်ကောင်းယူပြီး အလုပ်ရှာပေးမယ်၊ အလုပ်သွင်းပေးမယ်ဆိုပြီး ပွဲစားခတွေယူတယ်။ ပြီးရင် သူများမလုပ်ချင်တဲ့ အလုပ်ကို သွင်းပေးတယ်။ မလုပ်နိုင်ရင် ထွက်ရင် ပွဲစားခ ပြန်တောင်းမရဘူး အရှုံးခံရတယ်”လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံတွင် အလုပ်တစ်ခု လုပ်ကိုင်ရန်အတွက် လူတစ်ဦးလျှင် မလေးရှားငွေ ၃၀၀ ကျပ်မှ ၈၅၀ ကျပ်ထိ အခငွေကြေး(ပွဲစားခ)ပေးနေရတယ်လို့ နောက်ထပ် ​မြန်မာနိုင်ငံသား တစ်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့ မလေးရှားမှာ အလုပ်တခုရဖို့ မလေးငွေ ၃၀၀ ၊ ၅၀၀ ကျပ်ပေးရတယ်။ တစ်ချို့က အလုပ်ကောင်းသွင်းပေးသလို့ တစ်ချို့က ပွဲစားခယူပြီး လိမ်သွားတယ်”လို့ ဆိုပါတယ်။

၎င်းငွေကြေးလိမ်လည်မူနဲ့ ပတ်သက်ပြီး မလေးရှားတွင် တရားဝင်သွားရောက်လုပ်ကိုင်နေတာ မဟုတ်တဲ့အတွက် တိုင်ကြား ကူညီဖြေရှင်းပေးတဲ့ အဖွဲ့အစည်း မရှိကြောင်းလည်း သိရပါတယ်။

အိုက်ခူမီး

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်