မလေးရှားအစိုးရရဲ့ ဒုက္ခသည်များအပေါ် DPP လုပ်မယ့်လုပ်ငန်းစဉ်မှာ UNHCR အနေဖြင့် ဒုက္ခသည်များ လုံခြုံဘေးကင်းစေရန်စောင့်ကြည့်သွားမယ်

ဒီဇင်ဘာလ ၁၉၊ ၂၀၂၅

Zalen

မလေးရှားရောက် ဒုက္ခသည်များအတွက် မလေးရှားအစိုးရက ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ပြုလုပ်သွားမယ့် ဒုက္ခသည်ကိုယ်ရေးမှတ်တမ်း မှတ်ပုံတင်ခြင်း စာရွက်စာတမ်း ( Dokumen Profiling Pelarian – DPP ) အစီအစဉ်မှာ ဒုက္ခသည်များ ဘေးကင်း လုံခြုံရန်အတွက် UNHCR က စောင့်ကြည့်သွားမယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း UNHCR နဲ့ ရပ်မိရပ်ဖများတွေ့ဆုံခြင်းမှ မလေးရှားအစိုးရက ဒုက္ခသည် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ဒုက္ခသည်များသိရှိလိုတဲ့ အချက်များကို CEAM က မနေ့က ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။

Zalen ad

DPP ဟာမလေးရှားအစိုးရရဲ့ အမျိုးသားလုံးခြုံရေးကောင်စီ (MKN) က ချမှတ်ထားတဲ့ မူဝါဒတစ်ခုဖြစ်ပြီး ဒါဟာ မလေးရှားရှိဒုက္ခသည်များကို အစိုးရမှတရားဝင်မှတ်ပုံတင်ပြီးကတ်ပြားထုတ်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါ တယ်။

UNHCR ဟာ DPP မူဝါဒရေးဆွဲရာမှာ ပါဝင်ခြင်းမရှိသလို အသေးစိတ်အချက်အလက်များကိုလည်းလက်လှမ်း မမှီသေးပေမယ့် မလေးရှားအစိုးရရဲ့ ဒုက္ခသည်အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ UNHCR ရဲ့သတ်မှတ်ချက်နဲ့ဆင်တူ ကြောင်း ၊ ဒုက္ခသည်များအတွက် အလုပ်လုပ်ကိုင်ခွင့်၊ ကျန်းမာရေး၊ ပညာရေး များအတွက် အကာအကွယ် ပိုမို ရရှိရန်အတွက် UNHCR က ဆွေးနွေးညှိနှိုင်းနေတယ်လို့ဆိုပါတယ်။

UNHCR အနေဖြင့်ဒုက္ခသည်များရဲ့ကိုယ်ရေးအချက်အလက်များကို မလေးရှားအစိုးရထံ မလွှဲပြောင်းထားဘူးလို့ သိရကာ အချက်အလက်လုံခြုံမှုအတွက် ခိုင်မာတဲ့ သဘောတူညီချက်မရရှိသေးသရွေ့ ယေဘုယျ ကိန်းဂဏန်း များကိုသာမျှဝေပေးတယ်လို့ဆိုပါတယ်။

ဒါ့အပြင် UNHCR ကဒ်ကိုင်ဆောင်သူများအတွက် လက်ရှိမှာ ဘာမှအပြောင်းအလဲမရှိသေးဘူး လို့သိရကာ UNHCR မှတ်ပုံတင်ခြင်းနဲ့ ကဒ်သက်တမ်းတိုးခြင်းများကိုတော့ ပုံမှန်အတိုင်းဆက်လုပ်နေတယ်လို့သိရပါတယ်။

DPP ကဒ်ဟာ အနာဂတ်ဒုက္ခသည်များအတွက် ယယီနေထိုင်ခွင့်အထောက်အထားတစ်ခုဖြစ်လာနိုင်ပေမယ့် လတ်တလောမှာတော့ အခြေအနေကိုစောင့်ကြည့်ရအုံးမယ်လို့လည်း ဖော်ပြထားပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်