မီဇိုရမ်ထဲက မြန်မာစစ်ရှောင်များရဲ့ ဇီဝအချက်အလက်ကောက်ယူမှု ၉၀ ရာခိုင်နှုန်း ကျော်ပြီးစီး

ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆
Zalen

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်ခိုလှုံကြတဲ့ မြန်မာနိုင်ငံသား စစ်ရှောင်များအား ဇီဝအချက်အလက်ကောက်ယူမှု ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီလို့ မီဇိုရမ်အခြေစိုက်သတင်းများက ဖော်ပြထားပါတယ်။

လက်ရှိမှာအခြေအနေအမျိုးမျိုးကြောင့် မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်လာတဲ့စစ်ဘေးရှောင်အသစ်များလည်း ရှိနေသလို ကိုယ့်ဒေသကိုပြန်သွားကြတဲ့လူတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

ပြည်နယ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့အဆိုအရ ဖလမ်းမြို့နယ်ထဲကတိုက်ပွဲများကြောင့် ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ တလတည်းမှာ ကျန်ဖိုင်ခရိုင်အတွင်း မြန်မာစစ်ရှောင်သစ် ၂၃၁ ဦးထပ်မံဝင်ရောက်လာခဲ့ပြီး၊ ဖေဖော်ဝါရီလ ပထမပတ်ထဲမှာ ၁၃၇ ထပ်မံဝင်ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

Zalen ad

လက်ရှိနောက်ဆုံးစာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင် ၂၈,၃၅၅ နေထိုင်နေတယ်လို့သိရပြီး သူတို့အနက် ၂၆,၃၈၁ ရဲ့ ဇီဝအချက်အလက်ကို ကောက်ယူထားပြီဖြစ်ရာ ဒါဟာ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ကျော်ပြီ လို့သိရပါတယ်။

လက်ရှိမှာ မီဇိုရမ်ပြည်နယ်ထဲက အိုင်ဇောလ်ခရိုင်၊ လုံးလေခရိုင်၊ ဆဲရန်ချီပ်ခရိုင်နဲ့ ကျန်ဖိုင်ခရိုင် စတဲ့ ခရိုင် ၄ခု မှာတော့ ဇီဝအချက်အလက်ကောက်ယူတာပြီးစီးသွားပြီဖြစ်ကာ ကျန်ဖိုင်ခရိုင်မှာတော့ အသစ်ဝင်လာတဲ့ စစ်ရှောင်များအားလုံးကိုလည်း အချက်အလက်ကောက်ယူထားပြီလို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ရှောင် ဒုတိယအများဆုံးခရိုင်ဖြစ်တဲ့ လောင်တလိုင်ခရိုင်မှာတော့ ဇီဝအချက်အလက် ကောက်ယူမှု ၇၀ ရာခိုင်နှုန်းကျော်သာပြီးစီးသေးတယ်လို့ သိရပါတယ်။

သတင်း – Mickey
ပုံအညွှန်း – လောင်တလိုင်ခရိုင်အတွင်း ဇီဝအချက်အလက်ကောက်ယူနေစဉ်။

ဓာတ်ပုံ-Mickey

#မီဇိုရမ်#မြန်မာစစ်ရှောင်#ဇီဝအချက်အလက်#Zalen

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဗုဒ္ဓဟူးနေ့တိုင်း ယာဉ်သွားလာခွင့် လုံးဝပိတ်၊ ကျန်ရက်တွေမှာ စုံ/မ စနစ်နဲ့ စစ်ဆေးနေ

ဧပြီ ၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ထဲမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကို မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေ လုံးဝ သွားလာခွင့်မရှိတဲ့နေ့အဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ရက်တွေမှာလည်း “စုံ/မ” စနစ် နဲ့ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက ...

ဆက်ဖတ်ရန်