မီဇိုရမ်ပြည်နယ်တွင် မဏီပူရ်ပြည်နယ်မှ စစ်ဘေးရှောင် ၁၂၀၀၀ ကျော်ဝင်ရောက်ခိုလှုံ

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်တွင် ကူကီး(ချင်း)နဲ့ ကသည်းလူမျိုးကြားပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်အတွင်းသို့ ကူကီး(ချင်း)လူမျိုး ၁၂၆၂၉ ဦးရှိတယ်လို့ ယနေ့ ဩဂုတ် ၇ ရက်ကထုတ်ပြန်ထားပါတယ်။

အများစုဟာ မဏီပူရ်ပြည်နယ်နဲ့ကပ်ရပ် မီဇိုရမ်ပြည်နယ် ကိုလစီ( Kolasib) ခရိုင်တွင် ၄၄၄၃ ဦးရှိပြီး ဒုတိယအများဆုံးမှာ အိုင်ဇောလ်ခရိုင်တွင် ၄၂၇၂ ဦးနေထိုင်ကြပါတယ်။

ပြည်နယ်အစိုးရစာရင်းအရ စစ်ဘေးရှောင်စခန်း ၃၈ ခုထားရှိရာ ယင်းစခန်းတွင် စစ်ဘေးရှောင် ၂၇၈၀ ဦးနေထိုင်ကြပြီး ကျန် ၉၈၄၉ ဦးမှာ မိမိဘာသာ အိမ်ငှားပြီးနေထိုင်ကြကြောင်းသိရတယ်။

မဏီပူရ်ပြည်နယ်ဟာ ဒီနှစ်နွေရာသီကစပြီး လူမျိုးရေးပဋိပက္ခဖြစ်ပွားကြရာ အရင်ပတ်ကလည်း တစ်ရက်အတွင်း လူ ၆ ဦးသေဆုံးတယ်လို့ရတယ်။

Zalen ad

မြန်မာနိုင်ငံကနေ မီဇိုရမ်ပြည်နယ်သို့ စစ်ရှောင်စခန်း ၁၆၀ ဖွင့်လှစ်ထားပြီး၊ စစ်ဘေးရှောင်လူဦးရေး ၃၂၀၀၀ ကျော်ရှိကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် စစ်ဘေးရှောင် ၇၀၀ ကျော်ရှိတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

ရန်ကုန်လေထု ညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၄ ရောက်၊ AQI ၁၂၀ ထိ မြင့်တက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ Zalen ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့အဆင့် ၄ နေရာထိ ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတဲ့ IQAir ဝက်ဘ်ဆိုက်က ...

ဆက်ဖတ်ရန်