မီဇိုရမ်မှာ မြန်မာနိုင်ငံသား သုံးဦးထံကနေ ရူပီး သိန်း ၂၀ ကျော်တန်ဖိုးရှိတဲ့ဘိန်းဖြူများဖမ်းမိ

ဧပြီ ၂၊၂၀၂၆။

Zalen

Zalen ad

မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်ခရိုင် နဲ့ ကျန်ဖိုင်ခရိုင်တို့မှာ ရူပီး သိန်း ၂၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူများနဲ့အတူ မြန်မာနိုင်ငံသား ၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ဒေသတွင်းသတင်းများထံကနေသိရပါတယ်။

မနေ့က ဧပြီလ ၁ ရက်နေ့ ညနေ ၄ နာရီ မီနစ် ၅၀ ဝန်းကျင်မှာ ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကိုရှောင်ပြီး မောင်းနှင်လာတဲ့ ကားတစီးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ဘိန်းဖြူ ဆပ်ပြာဗူး ၄ဗူး၊ ၆၄ ဂရမ်အလေးချိန်ရှိတဲ့ ဘိန်း ဖြူများကို ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါဘိန်းဖြူများကို ကလေးမြို့၊ တာဟန်းရပ်ကွက် ဒေသခံ၊ လက်ရှိ အိန္ဒိယ-မြန်မာနယ်စပ် ခေါမွေးရွာ မှာ နေထိုင်တဲ့ ကမ့်ဆွာန်ကီမ် (Kapsuankim) ကသယ်ဆောင်လာခြင်းဖြစ်ပြီး သူ့ကို မူးယစ်ဆေးနဲ့စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများအက်ဥပဒေ နဲ့ နိုင်ငံခြားသားအက်ဥပဒေဖြင့်အမှုဖွင့်ထားတယ်လို့သိရပါတယ်။

အလားတူ မတ်လ ၃၁ ရက်နေ့မှာ အိုင်ဇောလ်မြို့၊ Zemabawk ရပ်ကွက်ရှိ ဆုတောင်းတောင်အနီးမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ဒေသခံများဖြစ်ကြတဲ့ ထန်းလျန်မုန်း ( Thanglianmung) အသက် ၂၆ နှစ် နဲ့ မန်းလျန်ထန်း ( Manglianthang ) အသက် ၂၃ နှစ်တို့ကို ဘိန်းဖြူများနဲ့အတူဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

သူတို့ ၂ဦးထံကနေဖမ်းဆီးထားတဲ့မူးယစ်ဆေးက ၁၀၄ ဂရမ်အလေးချိန်ရှိပြီး နိုင်ငံတကာပေါက်စျေးဖြင့် ရူပီး ၂,၀၄၀,၀၀၀ တန်ဖိုးရှိတယ်လို့သိရပါတယ်။

၎င်းတို့ ၂ဦးကို ၂၀၂၅ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားသားများ အက်ဥပဒေနဲ့ မူးယစ်ဆေးမှုတို့ဖြင့် အမှုဖွင့် ထားပြီး သူတို့နဲ့ဆပ်စပ်သူများကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့သိရပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် လူသားများ လကမ္ဘာသို့ ပြန်လည်ထွက်ခွာ

ဧပြီ ၂ ၊၂၀၂၆Zalen အမေရိကန် အမျိုးသား အာကာသအေဂျင်စီ (NASA) ဟာ အာကာသယာဉ်မှူး ၄ ဦး လိုက်ပါတဲ့ Artemis II အာကာသယာဉ်ကို ဖလော်ရီဒါပြည်နယ်၊ ကနေဒီ အာကာသစခန်းမှ ဒီနေ့မှာ အောင်မြင်စွာ ...

ဆက်ဖတ်ရန်