မီဇိုရမ်မှာ ရူပီး သိန်း ၃၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများကိုမြန်မာနိုင်ငံသားတစ်ဦးထံမှ ဖမ်းဆီးရမိ

၂၆၊ မေလ၊ ၂၀၂၄

Zalen

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် ဇိုခေါသာရ်မှာ မြန်မာနိုင်ငံသားတစ်ဦးထံကနေ ရူပီးသိန်း ၃၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူများကို မေလ ၂၄ ရက်မှာဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

အာသံရိုင်ဖယ်နဲ့ မီဇိုရမ်ရဲ ပူးပေါင်းတပ်ဖွဲ့က မြန်မာနိုင်ငံသားတစ်ဦးထံကနေ ၄၆ ဂရမ် အလေးချိန်ရှိ ကာလပေါက်စျေး ရူပီး ၃၂.၂၀ သိန်း တန်ဖိုးရှိတဲ့ ဘိန်းဖြူများကို ဖမ်းဆီးခဲ့တာဖြစ်တယ်။ ဘိန်းဖြူများနဲ့ အတူ ဖမ်းဆီးထားတဲ့ သူကို လိုအပ်သလိုအရေးယူမှုဆောင်ရွက်နိုင်ဖို့ ဇိုခေါသာရ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အလားတူ မီဖိုရမ် ဗဟိုမီဇိုးလူငယ်အဖွဲ့အစည်း(CYMA) က တစ်ပတ်အတွင်း မူးယစ်ဆေးဝါးနဲ့ ပက်သက်သူ ၄၁ ဦးကို တစ်ပတ်အတွင်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

CYMA Kumpuan Committee က ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကနေ မေလ ၂၄ ရက်အထိ တစ်ပတ်အတွင်းမှာ မီဇိုရမ်အတွင်း မူးယစ်ဆေးဝါး အမျိုးမျိုးရောင်းဝယ်ဖောက်ကားသူ ၄၁ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်ချို့ကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန နဲ့ ရဲစခန်းထံ အပ်နှံခဲ့သလို တစ်ချို့ကိုတော့ လိုအပ်တာတွေပြောပြီး ပြန်လွှတ်ပေးတာလည်းရှိပါတယ်။

မေလ ၁၈ ရက်ကနေ ၂၄ ရက်အတွင်းမှာ CYMA က Heroin ဘိန်းဖြူ၊ ဆေးခြောက်၊ Tictac၊ bagha၊ alprazolam၊ Nep နဲ့ BE-e စတဲ့ မူးယစ်ဆေးဝါးများကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်