မူးယစ်ဆေးသုံးစွဲကာ ခိုးဆိုးလုနှိုက်သော လူငယ် ၄ ဦးကို ဖမ်းဆီး

မူးယစ်ဆေးဝါးသုံးစွဲသည့်အပြင် ခိုးဆိုးလုနှိုက်မှုကျူးလွန်သော လူငယ် ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း တီးတိန်မြို့နယ်ဒေသခံတွေဆီက သိရပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်၌ အဆိုပါလူငယ် ၄ ဦးမှာ ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်သည့်အပြင် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းခြင်းနှင့် မိသားစုဝတ်ပြုချိန်တွင်  ပတ်ဝန်းကျင်ကိုဒုက္ခပေးနေသည့်အတွက် မေ ၇ ရက်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။

စစ်ဆေးချက်အရ ၎င်းတို့နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲသော လူငယ် ၂၀ ဦးထက်မနည်း ရှိနေသေးကြောင်း ထပ်မံသိရှိရသည်ဟု ဆိုသည်။

ယင်းအတွက်ကြောင့် မူးယစ်ဆေးဝါးများကို ရောင်းချနေသူများအနေဖြင့် ထပ်မံရောင်းချမှုမပြုလုပ်ရန်နှင့် ခိုးဆိုးလုနှိုက်သော ဆိုးသွမ်းလူငယ်များထံမှ ပစ္စည်းများကို တန်ဖိုးအနည်းငယ်ဖြင့် ပြန်လည်ဝယ်ယူလက်ခံပေးသူများလည်း ရပ်တန့်ဖို့ ဒေသခံတာဝန်ရှိသူများက အသိပေးထားသည်။

အထက်ပါအသိပေးချက်များကို အချိန်မီမလိုက်နာပါက နောက်ကြောင်းအားလုံးကို ဖော်ထုတ်အရေးယူသွားမှာဖြစ်ကြောင်းလည်း တီးတိန်မြို့ ဒေသခံတာဝန်ရှိပြည်သူများဘက်က အထူး သတိပေးထားသည်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်