မောင်တောမြို့နယ်တွင် ဗုံးသီးအဟောင်း ဆော့ကစားရာမှ မူကြိုကလေးငယ် တစ်ဦးသေဆုံး

 ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ ဝက်ကျိမ်းေကျးရွာတွင် မေလ ၃ ရက်နေ့ ၊ညနေ့ ၄ နာရီအချိန်တွင် မူကြိုကျောင်းသား တစ်ဦး ဗုံးသီးအဟောင်း ဆော့ကစားရာမှ ပေါက်ကွဲပြီး သေဆုံးခဲ့သည်။

အဆိုပါ ဗုံးသီးကို လယ်ကွင်းထဲတွင် ကောက်ရပြီး အိမ်ကိုယူလာစဥ် ဆော့ကစားရင်း လှေကားထိပ်တွင် ပေါက်ကွဲကြောင်း သိရှိရသည်။ ၎င်းဗုံးသီး‌သည် စစ်ကောင်စီတပ်သားများ ရှေ့တန်းထွက်ရာတွင် အသုံးပြုသည့် ၄၀ မမ ဗုံးသီးဟောင်းဖြစ်သည်။

သေဆုံးသွားသည့် ကလေးငယ်သည် မြိုလူမျိုးဖြစ်ပြီး၊ ၎င်းကျေးရွာအနီးတွင် ရက္ခုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်