ဧပြီ ၁၀၊၂၀၂၆
Zalen
မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ တောင်ကုန်းရပ်ကွက် မြစ်ဆိပ် မြစ်သာမြစ်ထဲမှာ မနေ့က ဧပြီ ၉ ရက်နေ့က ငါးရှာအပြီး ရေချိုးရင်းနဲ့ ချင်း လူငယ် ၂ဦး ရေနစ် သေဆုံးသွားကြတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။
အဆိုပါ ရေနစ်သေဆုံးသွားတဲ့ ချင်းလူငယ် ၂ဦးကတော့ အမျိုးသား နဲ့ အမျိုးသမီး တွေလို့သိရပြီး သူငယ်ချင်းတွေ ငါဖမ်း ၊ ရေချိုးတဲ့အချိန်မှာ အခုလိုဖြစ်သွားတာလို့ဆိုပါတယ်။
အဲဒါနဲ့ပတ်သက်လို့ ဒေသခံအမျိုးသားတဦးက” မြစ်ဆိပ်မှာ သူငယ်ချင်းတွေ ငါးရှာထွက်လာရင်းနဲ့ ဖြစ်တာတဲ့။ငါးရှာအပြီး ရေချိုးရာမှာ ဖြစ်ကြတာ။ အမျိုးသားအလောင်းကိုတော့ပြန်တွေ့ကြတယ်” လို့ Zalen ကိုပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ နာမည်နဲ့ အသက်ကိုတော့မသိရ ပေမဲ့ အမျိုးသားကတော့ အသက် ၁၇ နှစ် ၊မောင် ဖွာသိန်းထန်လို့သိရပြီး မနေ့က ကရာနီ နှစ်ခြင်းအသင်းတော်မှာ နာရေးပြုလုပ်နေကြတယ်လို့သိရပါတယ်။
အဲဒီရေနစ်သေဆုံးသွားတဲ့ ချင်းလူငယ်၂ဦးကတော့ ယခင်က မတူပီမြို့နယ် ၊ ဇိုတုန်ဒေသမှာရှိတဲ့ရှာတလိုင်း ရွာကနေ ဂန့်ဂေါမြို့ ၊ကျောတိုက်ရပ်ကွက် ကို ပြောင်းရွှေ့ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
သတင်း – ယောနေ
ဓာတ်ပုံ – လူမှုကွန်ယက်


















