မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားတယ်လို့ NUG ပြော

၃၊ စက်တင်ဘာလ၊ ၂၀၂၄

Zalen

မြန်မာနိုင်ငံရဲ့ နယ်မြေ ၇၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စု ၀န်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားတယ်လို့ Asia News Network က စက်တင်ဘာလ ၃ ရက်နေ့မှာရေးသား ထားပါတယ်။

၀န်ကြီး ဦးတင်ထွန်းနိုင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သာ မြန်မာနိုင်ငံရဲ့တစ်ခုတည်းသော တရားဝင်အစိုးရ ဖြစ်တယ်လို့ဆိုကာ မြန်မာနိုင်ငံအတွင်းရှိ စစ်အစိုးရကိုဖြုတ်ချရာမှာအကူအညီရဖို့ ဂျပန် နိုင်ငံကိုသွားရောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝှမ်း စစ်မြေပြင်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များက အသာစီးရနေပြီဖြစ်ကာ နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်နိုင်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ လက်နက်ချအလင်းဝင် တာတွေများလာပြီး စစ်ပွဲတွေမှာလဲ စိတ်ဓာတ်ကျဆင်းနေပြီ။ မကြာခင်အချိန်အတွင်းမှာ NUG နဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက စစ်အာဏာရှင် ကိုဖြိုနိုင်တော့မယ်လို့ယုံကြည်ကြ ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့မှာ တိုကျိုမြို့ရှိ ဂျပန်သတင်းထောက်များနဲ့တွေ့ဆုံချိန်မှာပြောကြားထားပါ တယ်။

စစ်အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီရဲ့ဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည် ကိုလည်းချုပ်နှောင်ထားပြီး လက်ရှိ တော်လှန်ရေးတပ်ဖွဲ့များရဲ့ ခုခံနေမှုကိုရပ်တန့်ဖို့ ဆွဲဆောင်စည်းရုံးရန် နဲ့ စစ်အစိုးရက က ကြားဖြတ်တည်ထောင်မဲ့ အစိုးရအဖွဲ့မှာသူ့ကို ခန့်အပ်ဖို့ စစ်အစိုးရက မကြာခဏကမ်းလှမ်း ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာဟာ ပြည်တွင်းစစ်မဟုတ်ဘဲ မြန်မာပြည်သူများက အားသွန်ခွန်စိုက် တွန်းအားပေးလုပ်ဆောင်နေတဲ့ တော်လှန်ရေးဖြစ်တာကို ဂျပန်ပြည်သူများက နားလည်ပြီး တော်လှန်ရေး ဘက်မှာပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုကာ တော်လှန်ရေးပန်းတိုင်ဟာ နီးကပ်နေပြီလို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။

အောက်တိုဘာလမှာ ကျင်းပသွားမဲ့အစည်းအဝေးမှာ နိုင်ငံတကာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ဘဏ္ဍာရေး ဆိုင်ရာ အကဲဖြတ်တဲ့ နိုင်ငံတကာ အဖွဲ့စည်း (Financial Action Task Force ) အနေနဲ့မြန်မာစစ်အစိုးရကို ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်သွားရန် ဂျပန်နိုင်ငံက တွန်းအားပေးဖို့ကိုလည်း ဂျပန်အစိုးရထံ တောင်းဆိုခဲ့တယ်လို့ Asia News Network က ဖော်ပြထားပါတယ်။

ဒီခရီးစဉ်မှာ ဂျပန်အစိုးရ တာဝန်ရှိသူအကြီးအကဲများနဲ့ တွေ့ဆုံခြင်းရှိ၊ မရှိကိုတော့ ဦးတင်ထွန်းနိုင်က မီဒီယာ များထံဖြေကြားခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

အိန္ဒိယဗဟိုအစိုးရက ပလက်ဝနဲ့ စစ်တွေအထိလျှပ်စစ်မီးပေးဖို့ဆန္ဒရှိနေ

၁၄၊ စက်တင်ဘာလ၊ ၂၀၂၄ Zalen အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် စစ်တွေအထိ လျှပ်စစ်ဓာတ်အား ပေးဖို့ဆန္ဒရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန်ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်။။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းရေးမှူး ...

ဆက်ဖတ်ရန်