မြန်မာမှာ လူ ၁၈ သန်းခွဲကျော် အရေးပေါ်အကူအညီလိုအပ်နေပြီး ကုလလူသားချင်းစာနာမှုအဖွဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံ

၂၀၊ ဩဂုတ်၊ ၂၀၂၄

Zalen

မြန်မာနိုင်ငံမှာ ကလေးငယ် ခြောက်သန်းအပါအဝင် လူ ၁၈ ဒသမ ၆ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)

ထုတ်ပြန်ပါတယ်။

သြဂုတ် ၁၉ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်းဆိုင်နာရေးဆိုင်ရာနေ့မှာ UNOCHA က ထုတ်ပြန်ခဲ့တာပါ။

အဲဒီနေ့မှာပဲ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲနဲ့ စစ်ကောင်စီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေသူတွေထံ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ UNOCHA ရဲ့ နိုင်ငံခြားသားဝန်ထမ်းတွေ ပြည်ဝင်ခွင့်ရဖို့၊ အကူအညီ လိုအပ်နေသူတွေထံ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့နဲ့ စစ်ကောင်စီ လူကယ်ပြန်ဝန်ကြီးဌာနနဲ့ UNOCHA တို့ကြား သဘောတူညီမှုစာလွှာ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ အကြီးအကျယ်ပျက်စီးရတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း UNOCHA က ဆိုပါတယ်။

ကမ္ဘာ့လူသားချင်းစာနာမှုနေ့ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက သန်းနဲ့ချီတဲ့ လူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ရဲရဲဝံ့ဝံ့ ပေးနေတဲ့ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေကို ဂုဏ်ပြုတာလို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဘေးကျပ်နံကျပ်အခြေအနေတွေ ပိုများလာတဲ့ကြားကပဲ အကူအညီပေးရေး ဝန်ထမ်းတွေဟာ အလိုအပ်ဆုံး လူတွေကို ကူညီဖို့ နေ့စဉ် အရှိန်မြှင့်ဆောင်ရွက်နေပါတယ်လို့ UNOCHA က ပြောပါတယ်။

၂၀၂၄ ပထမနှစ်ဝက်မှာ ရန်ပုံငွေ အခက်အခဲရှိပေမဲ့ လူ ၂ ဒသမ ၁ သန်းကို အကူအညီပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်