ရန်ကုန် ချင်းတက္ကသိုလ်ကျောင်းသားများ မိတ်သာရဖွဲ့ညစာစားပွဲပြုလုပ်မယ်

ရန်ကုန်မြို့ တက္ကသိုလ်တွေမှာပညာသင်ယူနေတဲ့ ချင်းတက္ကသိုလ်ကျောင်းသားများဖွဲ့စည်းသော ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဦးဆောင်ပြီး သြဂုတ်(၁၂)ရက်မှာ မိတ်သဟာရဖွဲ့ညစာစားပွဲပြုလုပ်မယ်လို့သိရပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းပြီး သို့မဟုတ် ပညာသင်ကြားနေဆဲအနေဖြင့် ပါဝင်ဆင်နွှဲလိုပါက Dinner ticketတစ်စောင်လျှင် ငွေကျပ်၃၀၀၀မှ ၁၀၀၀၀အထိအနေအထားဖြင့် ဝယ်ယူနိုင်ပါတယ်။

တီးတိန်နှစ်ခြင်းဘုရားကျောင်း ခန်းမတွင် နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီထိ မိတ်သဟာရဖွဲ့ညစာစားပွဲကျင်းပမှာဖြစ်ပါတယ်။

ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှာ တာဝန်ရှိသူ ဆလိုင်းအုပ်နွန်ဘွဲ့က “မိတ်သဟာရဖွဲ့ညစာစားပွဲပြုလုပ်ရခြင်းက ချင်းကျောင်းသားတွေများလာတော့ အချင်းချင်းမိတ်ဖွဲ့နိုင်ဖို့ပါ”လို့ဆိုပါတယ်။

Zalen ad

ရန်ကုန် တက္ကသိုလ်အသီးသီးမှာလက်ရှိချင်းကျောင်းသား၊သူ စုစုပေါင်း(၄၀)ခန့်ရှိတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်