ရန်ကုန် ချင်းတက္ကသိုလ်ကျောင်းသားများ မိတ်သာရဖွဲ့ညစာစားပွဲပြုလုပ်မယ်

ရန်ကုန်မြို့ တက္ကသိုလ်တွေမှာပညာသင်ယူနေတဲ့ ချင်းတက္ကသိုလ်ကျောင်းသားများဖွဲ့စည်းသော ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဦးဆောင်ပြီး သြဂုတ်(၁၂)ရက်မှာ မိတ်သဟာရဖွဲ့ညစာစားပွဲပြုလုပ်မယ်လို့သိရပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းပြီး သို့မဟုတ် ပညာသင်ကြားနေဆဲအနေဖြင့် ပါဝင်ဆင်နွှဲလိုပါက Dinner ticketတစ်စောင်လျှင် ငွေကျပ်၃၀၀၀မှ ၁၀၀၀၀အထိအနေအထားဖြင့် ဝယ်ယူနိုင်ပါတယ်။

တီးတိန်နှစ်ခြင်းဘုရားကျောင်း ခန်းမတွင် နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီထိ မိတ်သဟာရဖွဲ့ညစာစားပွဲကျင်းပမှာဖြစ်ပါတယ်။

ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှာ တာဝန်ရှိသူ ဆလိုင်းအုပ်နွန်ဘွဲ့က “မိတ်သဟာရဖွဲ့ညစာစားပွဲပြုလုပ်ရခြင်းက ချင်းကျောင်းသားတွေများလာတော့ အချင်းချင်းမိတ်ဖွဲ့နိုင်ဖို့ပါ”လို့ဆိုပါတယ်။

ရန်ကုန် တက္ကသိုလ်အသီးသီးမှာလက်ရှိချင်းကျောင်းသား၊သူ စုစုပေါင်း(၄၀)ခန့်ရှိတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်