ရန်ကုန်မှာ လေထုညစ်ညမ်းမှု ကမ္ဘာ့ အဆင့် ၂ ရောက်လာတာကြောင့် ကျန်းမာရေးအထူးသတိပြုဖို့ ကျွမ်းကျင်သူတွေ တိုက်တွန်း

==================

၃၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံးမြို့စာရင်းမှာ ရန်ကုန်မြို့ဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ ဒီနေ့ မနက် ၈ နာရီခွဲအချိန်တိုင်းတာ ချက်အရ အဆင့် (၂) အထိရောက်ရှိခဲ့ပြီး နေ့လယ်ပိုင်းမှာ အဆင့် ၄ ကို ရောက်ခဲ့သလို ညနေပိုင်း ၃နာရီခွဲခန့်မှာ အဆင့် ၁၁ ကို ရောက်ရှိနေပါတယ်။

Zalen ad

လေထုအရည်အသွေးတိုင်းတာတဲ့ AQI ညွှန်းကိန်းမှာ (၂၂၆) အထိရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ လေထုအညစ်ညမ်းဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါကြောင့် ကျန်းမာရေးအတွက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေနဲ့ သက်ကြီးရွယ်အို နာတာရှည်ရောဂါရှိသူတွေ အထူးဂရုပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ပြင်ပမှာအားကစားလေ့ကျင့်တာ‌နဲ့ နေအိမ်ပြတင်းတံခါးဖွင့်တာတွေကို ‌ရှောင်ရှားသင့်သလို မလိုအပ်ရင် အပြင်မထွက်ဖို့၊ အပြင်ထွက်ရတဲ့အခါတိုင်းမှာ နှာခေါင်းစည်း Mask ကို တပ်ကြဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။

ရန်ကုန်မြို့ဟာအလွန်အမင်းကျန်းမာရေးနဲ့ မညီညွတ်တဲ့ လေထုအခြေအနေဖြစ်တယ်လို့ လေထုညစ်ညမ်းမှု IQAir မှာ ဖော်ပြပါတယ်။ ရန်ကုန်မြို့က ကမာရွတ်၊ ဒဂုံ နဲ့ ဗဟန်းမြို့နယ်တွေမှာ လေထုညစ်ညမ်းမှုအများဆုံး အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်တုန်းကလည်း ရန်ကုန်ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံးမြို့စာရင်းရဲ့ နံပါတ် (၈) နေရာကို ရောက်ခဲ့ပါ‌သေးတယ်။

Helen

နောက်ဆုံးရသတင်းများ

လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ဒရုန်း အသုံးပြုပြီး ရှာဖွေရာ ဘိန်းစိုက်ပျိုးသူနှစ်ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆ Zalen မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဘိန်းစိုက်ပျိုးသူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများက ဒီကနေ့ဖော်ပြထားပါတယ်။ လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ခရိုင်အတွင်း ဘိန်းစိုက်ခင်းရှိကြောင်း တိုင်ကြားချက်လက်ခံရရှိပြီးနောက် ဒရုန်း အသုံးပြုပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ အဆိုပါဘိန်းစိုက်ခင်းကို ...

ဆက်ဖတ်ရန်