တီးတိန်မြို့နယ်၊ သိုင်းငင်းရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

အောက်တိုဘာ ၂၉၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေး-တီးတိန် ကားလမ်းပေါ်က သိုင်းငင်းရွာကို မနေ့ အောက်တိုဘာ ၂၈ ရက်၊ ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီးနှစ်လုံး တိုက်ခိုက်တာပါ။

Zalen ad

“မနေ့ည လူအိပ်မောကျနေတဲ့ချိန် ဗုံးသီးနှစ်လုံးကြဲသွားပါတယ်။ ကလေးအမေတစ်ယောက် ဗိုက်မှာ မစိုးရိမ်ရ ဒဏ်ရာရတယ်။ အိမ်တစ်လုံးလည်း ပျက်စီးသွားတယ်။”လို့ တီးတိန်မြို့နယ်ဒေသခံတစ်ဦးက Zalen ကို ပြောပါတယ်။

မည်သည့်စစ်ရေးလှုပ်ရှားမှုမရှိတဲ့အခြေအနေမျိုးမှာ အရပ်သားတွေနေထိုင်တဲ့ သိုင်းငင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုတာလို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့မနက် ကလေးမြို့က ကလေး-သိုင်းငင်း ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ၈မိုင်ကနေ ချင်းတော်တက်တဲ့ဒုတိယလမ်းဖြစ်တဲ့ ဆင်စခန်းအပေါ် ပိန်းပိရွာမှာ ခြေကုပ်နေရာယူထားတယ်လို့ သိရပါတယ်။

“ကလေး၊ ခိုင်ကမ်းဘက်က ထိုးလာတဲ့ စစ်ကြောင်းက ပိန်းပိရွာမှာ ခြေကုပ်နေရာယူထားတယ်။ အင်အားက များတယ်။ စစ်ကြောင်း ရှေ့ဆက်တိုးတာတော့ မရှိသေးဘူး။ အဲကိုပဲ စစ်ကောင်စီတွေ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင် နေပါတယ်။”လို့ တီးတိန်မြို့နယ် စစ်ရေးသတင်းအရစ်မြစ်က ပြောပါတယ်။

ကလေးမြို့ကနေ ကလေး – သိုင်းငင်း – တီးတိန် ကားလမ်းမအတိုင်း စစ်ကောင်စီ စစ်ကြောင်း ထိုးတာကြောင့် လမ်းတွေအားလုံး CDF CDM Syin က အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ယာယီ ပိတ်ထားလိုက်ပါတယ်။

သတင်း-ခူမီး

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုံရွာ-ကလေးဝလမ်းပိုင်းရှိ ယာဉ်များကို ထွန်စက်များဖြင့် ဆွဲထုတ်နေရ

ဇူလိုင်  ၆၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ မုံရွာ-ကလေးဝလမ်းပိုင်းဟာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ခရီးသည်တင် ကားများနဲ့ ကုန်တင်ကားများ အသွားအလာ အခက်အခဲဖြစ်နေတယ်လို့ ဒေသအတွင်းသတင်း ရင်းမြစ်များ ထံမှသိရပါတယ်။ ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အဲဒီ မုံရွာ-ကလေးဝ ...

ဆက်ဖတ်ရန်