ရိခေါ်ဒါရ်မြို့၌ တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂါလီ လေးဦး ဖမ်းဆီးရမိ

ရိခေါ်ဒါရ်မြို့၌ တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂါလီ လေးဦး ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် အိန္ဒိယဘက်မှ တရားမဝင်ခိုးဝင်လာတဲ့ ဘင်္ဂါလီ လေးဦးကို ဇူလိုင် ၁ ရက်တွင် ရိခေါ်ဒါရ်နယ်မြေရဲနဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိကြောင်းသတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်ဆန်းလင်းနဲ့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့တို့က အမှတ် ၁ ရပ်ကွက်မှ အမှတ် ၂ ရပ်ကွက်ဘက်သို့မောင်းနှင်လာတဲ့ ခဲရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ အိန္ဒိယဘက်မှ မြန်မာဘက်သို့တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ အမျိုးသား သုံးဦးနဲ့ အမျိုးသမီး တစ်ဦးဖမ်းဆီးရမိပါတယ်။

၎င်းတို့ဟာ ရခိုင်ပြည်နယ်မှတစ်ဆင့် အင်္ဂလားဒေ့ရှ်နိုင်ငံ ပါယူခါလီဒုက္ခသည်စခန်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ဝင်ရောက်ကာ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်။

Zalen ad

ဒါကြောင့် ဘင်္ဂါလီ လေးဦးနဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကို ရိခေါ်ဒါရ်နယ်မြေရဲစခန်း (ပ) ၉/၁၉၊ လဝကပုဒ်မ-၁၃(၁)/၁၃(၅)ဖြင့် အမှုဖွင့်လှစ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်