ရိရေကန်ကမ်းပါး ရေတိုက်စားလို့ ရိခေါ်ဒါရ်လူငယ်တွေကကိုယ်ထူကိုယ်ထ ရေထိန်းနံရံတည်ဆောက်မယ်

 

မနှစ် မိုးရာသီတုန်းက ကမ်းပါးရေတိုက်စားလိုက် သေဆုံးသွားတဲ့သစ်ပင်

ရိရေကန်ကမ်းပါး ရေတိုက်စားလို့ ရိခေါ်ဒါရ်လူငယ်တွေကကိုယ်ထူကိုယ်ထ ရေထိန်းနံရံတည်ဆောက်မယ်

အသည်းပုံရိရေကန်ကို ပုံသဏ္ဍာန်ပျက်လောက် ကမ်းပါးကို ရေတိုက်စားလို့ ရိခေါ်ဒါရ်လူငယ်တွေက ကိုယ်ထူကိုယ်ထ ရေထိန်းနံရံတည်ဆောက်ဖို့ ကျောက်တွေစတင်စုစောင်းနေပါတယ်။

မတ်လ (၂၉)ရက်ကစပြီး တီအိုချောင်းထဲက ကျောက်တွေကို ရိခေါ်ဒါရ်လူငယ်တွေက သယ်ယူပြီး ရိရေကန်ဘေးမှာ စုပုံထားကြပါတယ်။ ရိရေကန် ရေချိုးဆိပ်ဘက်က အရှည် ပေ(၄၀)လောက် အမြင့် (၅)ပေ ရေတိုက်စားနေပါတယ်။

Zalen ad

ဒီကိစ္စနဲ့ပတ်သက်ပြီး ရိခေါ်ဒါရ်လူငယ်အဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုလာလ်မိန်းမောယာက “လူငယ်တွေကလည်း နေ့တိုင်းမလုပ်နိုင်လို့ ကျောက်ကိုရေကန်ဘေးမှာ ဒီတိုင်းစုထားတယ်။ ဒီ နွေရာသီအတွင်းမှာတော့ အပြီးဆောက်မယ်။ ရေထိန်းနံရံကို လှေကားထစ်လို့ဆောက်သွားမယ်။ မနှစ်တုန်းက ရိခေါ်ဒါရ်မြို့ ဂျူဘီလပွဲလက်ကျန်ငွေနဲ့ ရေထိန်းနံရံဆောက်ဖို့ စီစဉ်ထားပေမယ့် မြို့နယ်စည်ပင်က ကျနော်တို့ဆောက်မယ်ဆိုလို့ မဆောက်ဖြစ်ဘူး။ ဒါပေမယ့် သူတို့ကလည်း ခုထိပြန်မဆောက်တော့ လူငယ်တွေက ကိုယ်ထူကိုယ်ထလုပ်ကြတာပါ။ မိုးရာသီမှာ ရေတိုက်စားတာကြောင့် အသည်းပုံ ရိရေကန်က ပုံသဏ္ဍာန်ပျက်နေပြီလေ။ မနှစ် မိုးရာသီတုန်းက ကမ်းပါးရေတိုက်စားလို့ ရိရေကန်ဘေးက သစ်ပင် တစ်ပင်တောင်သေသွားတယ်” လို့ပြောပါတယ်။

ရိရေကန် ရေထိန်း နံရံတည်ဆောက်ဖို့ ရိခေါ်ဒါရ်လူငယ်အဖွဲ့က သိန်း (၄၀)ကျော်ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

ချင်းပြည်နယ်ရဲ့ အထင်ကရ အသည်းပုံ ရိရေကန်ဟာ ပွင့်လင်းရာသီမှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ ထောင်နဲ့ချီလာလောက်လေ့လာကြတဲ့နေရာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်