ရွေးကောက်ပွဲပြီးနောက် ကလေးမြို့တွင် ကိုဗစ်လူနာသစ် (၉)ဦးတွေ့ရှိ

ကလေးမြို့နယ်တွင် မနေ့ညတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၉)ဦးရှိတယ်လို့ ကလေးကိုဗစ်ကော်မတီ သတင်းနဲ့ပြန်ကြားရေးကော်မတီက ကြေညာထားပါတယ်။

အခုတွေ့ရှိတဲ့ ကိုဗစ်လူနာများထဲတွင် ၆ လအရွယ်ကလေးငယ်တစ်ယောက်လည်းပါဝင်ပြီး အသက် (၈၅)အရွယ် သက်ကြီးပိုင်းတွေလည်းပါဝင်ပါတယ်။ လူနာတွေဟာ ကလေးမြို့ အောင်သစ္စာရပ်ကွက် နဲ့ ချမ်းမြေ့အောင်စည်ရပ်ကွက်က လူတွေပဲဖြစ်ပါတယ်။

လူနာတွေအားလုံးကို အိတ်စွပ်ကျေးရွာ ပြည်သူ့အငှားအိမ်ယာတွင် ထားရှိပြီး ယင်းအိမ်ယာတွင် ကိုဗစ်လူနာ (၂၉)ဦးထားရှိပါတယ်။ လက်ရှိကလေးမြို့တွင် ကိုဗစ်လူနာစုစုပေါင်း (၅၂)ဦးကို စောင့်ကြည့်ကုသလျက်ရှိပါတယ်။

ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း လူ ၃၀ ဦးထက်ပိုမစုဝေးကြဖို့၊ ယင်းအမိန့်ကို မလိုက်နာပါက တည်ဆွဲဥပဒေနဲ့ထိရောက်စွာအရေးယူမယ်လို့ နိုဝင်ဘာလ (၁၀)ရက်အမိန့် ထပ်မံထုတ်ပြန်ထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်၊ ဇန်ဇောလ်ရွာကို စစ်ကောင်စီကဗုံးကြဲလို့ ဒေသခံ နှစ်ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇန်ဇောလ်ကျေးရွာ ကို ဖေဖော်ဝါရီ ၁၅ ရက် မနေ့ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်ဇောလ်ရွာမှာ ...

ဆက်ဖတ်ရန်