ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆

Zalen

မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။

Zalen ad

ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ခုကို စီမံခန့်ခွဲနေသူဖြစ်ပြီး၊ တရုတ်လောင်းကစားသမား ၃ သိန်းကျော်ထံမှ စုစုပေါင်း ငွေကြေးလည်ပတ်မှု ဘတ် ၁၃.၁၈ ဘီလီယံအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

 တရုတ်သံရုံးရဲ့ သတင်းပေးချက်အရ ထိုင်းဗဟိုစုံစမ်း စစ်ဆေးရေးဗျူရို (CIB) နဲ့ လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့တို့က စောင့်ကြည့်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

၎င်းဟာ ဖမ်းဝရမ်းမှလွတ်ရန် စိန့်ကစ်နဲ့ နီးဗစ် နိုင်ငံကူးလက်မှတ်ကို အသုံးပြုကာ အမည်ပြောင်းလဲ၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ဘန်ကောက်မြို့ရှိ အဆင့်မြင့်လူနေအိမ်တခုမှာ လူမသိအောင် ခိုအောင်းနေထိုင်ခဲ့ပြီး၊ ပတ္တရားသို့ အပန်းဖြေခရီးထွက်လာစဉ် ဂျွန်တီးယန်းကမ်းခြေရှိ ဗီလာမှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာ ထိုင်းအာဏာပိုင်တွေက ၎င်းရဲ့ ဗီဇာကို ရုပ်သိမ်းလိုက်ပြီဖြစ်ကာ၊ တရုတ်နိုင်ငံမှာ ဥပဒေအရ အရေးယူနိုင်ရန်အတွက် တရုတ်အာဏာပိုင်တွေထံ လွှဲပြောင်းရန် လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုးကား- The Nation Thailand

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ကျဆုံးရဲဘော်များများအပါအဝင် တပ်ဖွဲ့ဝင်များကိုလစဉ်ထောက်ပံ့ကြေး ကျပ်ငွေ ၅ သိန်းပေးအပ်သွားဖို့ HPO/ CDF-Hualngo စီစဉ်နေ

ဧပြီ ၁၀၊၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းအခြေစိုက်လှုပ်ရှားနေတဲ့ HPO/CDF-Hualngo ဟာ တိုင်းပြည်နဲ့လူမျိုး အတွက်တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့ ရဲဘော်များ၊ လက်ရှိတပ်ဖွဲ့ဝင်များနဲ့ လာမယ့်တပ်သားသစ်များအတွက် လစဉ် ထောက်ပံ့ငွေ ရူပီး ၅ သိန်းစီထောက်ပံ့ပေးဖို့ စီစဉ်နေကြောင်းသိရပါတယ်။ ၂၀၂၆ ခုနှစ် ...

ဆက်ဖတ်ရန်