ရှင်းလက်ဝကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းကုန်းမှာ တိုက်ပွဲပြင်းထန်နေ

၁၃၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာရှိ စစ်ကောင်စီရဲ့ တပ်စခန်းကုန်းမှာ တိုက်ပွဲပြင်းနေတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့ ရှင်းလက်ဝကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဟာ လေယာဥ်ဖြင့် ပစ်ကူပေးနေတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။

Zalen ad

” တိုက်ပွဲဖြစ်တာက ဒီဇင်ဘာ ၁၁ ရက်နေ့ကတည်းက ဖြစ်တာပါ။ အဲ့ဒီနေ့မှာဘဲ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးပစ်တယ်။ လေယာဥ်နဲ့ ဗုံးကြဲတာတွေ လုပ်တယ်။ နောက်မနက်ထိ တိုက်ပွဲမပြီးသေးဘူး ထပ်ဖြစ်နေသေးတယ်။ လေယာဥ်နဲ့ ဗုံးလာကြဲသွားပြန်တယ်။ တိုက်ပွဲ ဆက်ဖြစ်နေတော့ AA ဘက်ကလည်း စစ်ကူလာတယ်”လို့ ရှင်းလက်ဝဒေသခံတစ်ဦးက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲမှာဘဲ ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းမှာ စက်လှေနှစ်စီးဖြင့် ယင်းတိုက်ပွဲတွင်းသို့ စစ်ကူအင်အားဖြည့်ရောက်ရှိလာတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။

ရှင်းလက်ဝ တပ်စခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါးနဲ့ အခိုင်မာတပ်စွဲထားပြီး ရဲစခန်းလည်း ရှိတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ရှင်းလက်ဝ တပ်စခန်းက စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးနဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ရဲစခန်းက ရဲနပ်ဖွဲ့ ၈ ဦးဟာ ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝထံသို့ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ CDF ပလက်ဝထံက သိရှိရပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်