ရှင်းလက်ဝမှာ မီဇိုးအမျိုးသားတဦးသေဆုံးလို့ နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကို ယာယီပိတ်ထား

ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၆

Zalen

Zalen ad

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေမြန်မာနိုင်ငံ ၊ ချင်းပြည်နယ်၊ ရှင်းလက်ဝဘက်ကို ကုန်ပစ္စည်းသွားပို့တဲ့ မီဇိုးအမျိုးသားတဦး ရုတ်တရက်သေဆုံးသွားလို့ ကုန်သွယ်ရေးလမ်းကြောင်းကို ယာယီပိတ်ပင်ထားတယ်လို့  ဗဟိုလိုင်လူငယ်အသင်း ( Central Young Lai Association ) က ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ လောင်တလိုင်မြို့၊ AOC ရပ်ကွက်နေ ဦးလာလ်ရမ်ဆန်းနာ ( Lalramsanga ) အသက် ၃၇ နှစ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရှင်းလက်ဝဘက်ကို ကုန်ပစ္စည်းသွားပို့ခဲ့ရာ ရှင်းလက်ဝကိုလည်း ချောချော မွေ့မွေ့ရောက်ရှိခဲ့ပေမယ့် ယင်းည ၉ နာရီကနေစပြီး ဦးလာလ်ရမ်ဆန်းနာ ( Lalramsanga ) ဟာပျောက်ဆုံးသွား ခဲ့ပါတယ်။

နောက်တနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရှင်းလက်ဝရှိမြန်မာနိုင်ငံသား တဦးက ဦးလာလ်ရမ်ဆန်းနာ ( Lalramsanga ) ရဲ့ ညီဖြစ်သူထံ ကားသော့နဲ့ ကားလိုင်စင်များကို ပေးအပ်ခဲ့ပြီး ဦးလာလ်ရမ်ဆန်းနာ ( Lalramsanga ) အကြောင်းကိုတော့မသိကြောင်း ပြောကြားထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ CYLA နဲ့ MTP ခေါင်းဆောင်များဟာ ဖေဖော်ဝါရီလ ၁၄ ရက်မှာ အစည်းအဝေးပြုလုပ်ခဲ့ကြ ပြီး ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၃ နာရီအထိ ဦးလာလ်ရမ်ဆန်းနာ ( Lalramsanga )ရဲ့ သတင်းမကြားပါက ရှာဟာ ခရိုင် နဲ့ လောင်တလိုင်ခရိုင်တို့မှ မြန်မာနိုင်ငံဘက် ကုန်သွယ်ရေးလမ်းကြောင်းများအားလုံးကို ပိတ်ပင်သွားမယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။

ဦးလာလ်ရမ်ဆန်းနာ ( Lalramsanga ) ကိုရှာဖွေရန် လူစုနေကြချိန် ဖေဖော်ဝါရီလ ၁၅ ရက်ညနေပိုင်းမှာ မြန်မာနိုင်ငံနဲ့ မီဇိုရမ်ပြည်နယ် နယ်စပ်ချောင်းမှာ ဦးလာလ်ရမ်ဆန်းနာ ( Lalramsanga ) ရဲ့ရုပ်အလောင်းကို ရှာတွေ့ ခဲ့ကြတယ် လို့သိရပြီး ဘယ်လိုသေဆုံးသွားတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် ဦးလာလ်ရမ်ဆန်းနာ ( Lalramsanga ) သေဆုံးရခြင်းရဲ့ အဓိကကြောင်းအရင်းကို မသိရခင်အထိ ကုန်သွယ်ရေးလမ်းများကို ပိတ်ပင်ထားတယ်လို့သိရပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

#မီဇိုရမ်#လောင်တလိုင်#ရှင်းလက်ဝ#လမ်းပိတ် #Zalen

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်၊ ဇန်ဇောလ်ရွာကို စစ်ကောင်စီကဗုံးကြဲလို့ ဒေသခံ နှစ်ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇန်ဇောလ်ကျေးရွာ ကို ဖေဖော်ဝါရီ ၁၅ ရက် မနေ့ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်ဇောလ်ရွာမှာ ...

ဆက်ဖတ်ရန်