ရှမ်းနီတပ်က တမူးမြို့နယ် ရွာသားတစ်ဦးကို PDF နဲ့ဆက်သွယ်လို့ဆိုကာ ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြိုနယ် အထက်ပိုင်း အောင်ဇေယျကျေးရွာသားတစ်ဦးကို SNA ရှမ်းနီလွတ်မြောက်ရေးတပ်မတော်မှာဖမ်းစီးခေါ်ဆောင်သွားသည်ဟုသိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ သန်ကျေးရွာတွင်ဘော်လုံးပွဲကြည့်ရန်သွားရောက်သည့် အောင်ဇေယျကျေးရွာနေ ဦးဆိုးအောင် အသက် (၅၂)ခန့်ကို PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အဆက်အသွယ်ရှိသည်ဟုစွပ်ဆွဲကာ ဖမ်းစီးခေါ်ဆောင်သွားသည်ဟုဒေသခံတစ်ဦးမှပြောပြခဲ့သည်။

၎င်းဖမ်းစီးခေါ်ဆောင်သွားသည့်ဦဆိုးအောင်ဟာ ယနေ့ (စက်တင်ဘာ ၁၁ရက်) ထိမိသားစုနဲ့အဆက်အသွယ်မရဘဲဖြစ် နေသည်ဟု ဒေသခံကဆက်ပြောပါသည်။

SNA ရှမ်းနီလွတ်မြောက်ရေးတပ်မတော်ဟာ စစ်ကောင်စီနှင့်ပူးပေါင်းပြီး PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပြီး သနန်ကျေးရွာနှင့်မြို့သစ်အနီးတဝိုက်တွင်စခန်းချထားပြီး ဒေသခံပြည်သူများကိုညှင်းပန်းနှိပ်စက်နေကြကာ ၎င်းဖြစ်စဉ်မတိုင်ခင် တစ်လခန့်ကလည်း ဖိုင်လင်းကျေးရွာနေ ချင်းအမျိုးသားမိသားစုတစ်စုဝမ်းစာတွက် သစ်ခွဲနေသည့်အမျိုးသားနှစ်ဦး ကိုလည်းဖမ်းစီးခေါ်ဆောင်ပြီး သိန်း တစ်ရာ့နှစ်ဆယ်နှင့်‌ရွေးစေခဲ့သည်ဟုဒေသခံတွေထံမှသိရသည်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်