လမ်းပေါ်သွားစဉ်ပစ်သတ်ခံရတဲ့ ဦးငွာလ်ရှမ်ပေါင် အလောင်း မြေမြှုပ်သဂြိုလ်

ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်မှာနေထိုင်တဲ့ ဦးငွာလ်ရှမ်ပေါင်-Pa Ngul Sian Pau (Kum 64)ရဲ့ အလောင်းကို ဒီမနက် ၈ နာရီက ဒိုးဝိုင်းချောင်းသင်္ချိုင်းတွင်မြေမြှုပ်သဂြိုလ်သွားပါတယ်။

ဦးငွာလ်ရှမ်ပေါင်ဟာ ဧပြီ ၇ ရက် မနက် ၇ နာရီခန့်က ၎င်းတို့အိမ်ကနေ အိမ်နောက်ဘက်သို့သွားနေချိန် အကြမ်းဖက်သမား မအလ စစ်တပ်က နောက်ကျောဘက်ကနေ ပစ်ခတ်ပြီး ဝမ်းဗိုက်ဘက်ကိုပေါက်ထွက်သွားပါတယ်။

ရပ်ကွက်နေပြည်သူတစ်ဦးက “မနေ့ကတော့ ဝက်စာကျွေးနေတုန်းပစ်ခံရတယ်တဲ့။ သူက ဝက်စာယူဖို့လာ ပိုလုံခြုံတဲ့နေရာကိုရှောင်ဖို့သွားတာလာတော့မသိဘူး။ သူတို့အိမ်က ဗိုလ်ချုပ်လမ်းမကနေ တစ်လမ်းမြောက်လမ်းထောင့်မှာနေတယ်။ ဒါကို ဒုတိယလမ်းဘက်မှာသွားဖို့ အိမ်ပြင်ထွက်လာတာတဲ့”လို့ပြောပါတယ်။

Zalen ad

ဒီမနက်တွင်လည်း တာဟန်း၊ မွန်းလိုင်၊ ကြို့သုံးပင်ရပ်ကွက်တွေမှာ အကြမ်းဖက် မအလ တပ်သားတွေ လမ်းပေါ်မှာနေရာယူထားတာတွေ့ရပါတယ်။

ကလေးမြို့တွင် မနေ့ညပစ်ခတ်မှုကြောင့် ပြည်သူ ၁၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ လူ (၁၈)ယောက်ကျော်ဖမ်းဆီးခံရပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်