လမ်းပေါ်သွားစဉ်ပစ်သတ်ခံရတဲ့ ဦးငွာလ်ရှမ်ပေါင် အလောင်း မြေမြှုပ်သဂြိုလ်

ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်မှာနေထိုင်တဲ့ ဦးငွာလ်ရှမ်ပေါင်-Pa Ngul Sian Pau (Kum 64)ရဲ့ အလောင်းကို ဒီမနက် ၈ နာရီက ဒိုးဝိုင်းချောင်းသင်္ချိုင်းတွင်မြေမြှုပ်သဂြိုလ်သွားပါတယ်။

ဦးငွာလ်ရှမ်ပေါင်ဟာ ဧပြီ ၇ ရက် မနက် ၇ နာရီခန့်က ၎င်းတို့အိမ်ကနေ အိမ်နောက်ဘက်သို့သွားနေချိန် အကြမ်းဖက်သမား မအလ စစ်တပ်က နောက်ကျောဘက်ကနေ ပစ်ခတ်ပြီး ဝမ်းဗိုက်ဘက်ကိုပေါက်ထွက်သွားပါတယ်။

ရပ်ကွက်နေပြည်သူတစ်ဦးက “မနေ့ကတော့ ဝက်စာကျွေးနေတုန်းပစ်ခံရတယ်တဲ့။ သူက ဝက်စာယူဖို့လာ ပိုလုံခြုံတဲ့နေရာကိုရှောင်ဖို့သွားတာလာတော့မသိဘူး။ သူတို့အိမ်က ဗိုလ်ချုပ်လမ်းမကနေ တစ်လမ်းမြောက်လမ်းထောင့်မှာနေတယ်။ ဒါကို ဒုတိယလမ်းဘက်မှာသွားဖို့ အိမ်ပြင်ထွက်လာတာတဲ့”လို့ပြောပါတယ်။

ဒီမနက်တွင်လည်း တာဟန်း၊ မွန်းလိုင်၊ ကြို့သုံးပင်ရပ်ကွက်တွေမှာ အကြမ်းဖက် မအလ တပ်သားတွေ လမ်းပေါ်မှာနေရာယူထားတာတွေ့ရပါတယ်။

ကလေးမြို့တွင် မနေ့ညပစ်ခတ်မှုကြောင့် ပြည်သူ ၁၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ လူ (၁၈)ယောက်ကျော်ဖမ်းဆီးခံရပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်