လိုင်လင်းပီမြို့မှာ အေအေထံ စစ်သင်တန်း တက်ရောက်ဖို့အတွက် MDF ဥက္ကဋ္ဌမှ လိမ်ညာစည်းရုံးဆိုတဲ့ သတင်းအမှား

စက်တင်ဘာ ၁၊ ၂၀၂၄။

Zalen

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၊ တောင်ဘူကျေးရွာနဲ့ ဒါရ်လင်းကျေးရွာတို့မှ လူငယ်တွေကို မရာလဲန်းကာကွယ်ရေးတပ်(MDF) ဥက္ကဋ္ဌက အာရက္ခတပ်တော်(အေအေ)ထံ စစ်သင်တန်းတက်ရောက်ဖို့ လိမ်လည်စည်းရုံးပြီး ခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း Facebook page ကနေ သြဂုတ်လ ၂၂ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

အဲ့ဒီ Facebook page က “MDFဥက္ကဌနဲ့ စီနီယာ ဥက္ကဌသည် AA သင်တန်းတက်ရန် အသက်မပြည့် မရာလူငယ် ၂၆ဦးကို လိမ်ညာစည်းရုံးပြီး အတင်းခေါ်ဆောင်သွား။ တောင်ဘူရွာ ၁၂ဉီး ဒါရ်လင်းရွာ ၁၄ ဉီး မိဘများသဘောမတူ ၍ လိုက်လံရှာဖွေနေ။”လို့ ရေးသားဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်https://www.facebook.com/share/p/uF3g8WGZRPrXVDUZ/?mibextid=oFDknk

သတင်းကို ကြိုက်နှစ်သက်သူ ၁၀၂ ဦး၊ မှတ်ချက်ပေးသူ ၇ ဦး နဲ့ မျှဝေသူ ၁၆ ဦးထိရှိလာပြီး အဆိုပါ မူရင်းစာသားတွေကို ကူးယူကာ ဒေသတွင်း Facebook Page၊ Facebook Group နဲ့ Facebook Account တွေမှာ ပြန်လည်ဖော်ပြထားတာတွေ တွေ့ရပါတယ်။

Zalen Fact -Checking Team က စိစစ်တဲ့အခါ မတူပီခရိုင်၊ လိုင်လင်းပီမြို့၊ တောင်ဘူကျေးရွာနဲ့ ဒါရ်လင်းကျေးရွာတို့မှာ MDF ဥက္ကဋ္ဌက လူငယ်တွေကို စည်းရုံးပြီး အေအေထံ စစ်သင်တန်းတက်ရောက်ဖို့ အတင်းခေါ်ဆောင်သွားကာ မိဘတွေက သဘောမတူ၍ လိုက်လံရှာဖွေနေဆိုတာ မတွေ့ရှိရပါ။

လိုင်လင်းပီမြို့၊ တောင်ဘူကျေးရွာနဲ့ ဒါရ်လင်းကျေးရွာတို့က လူငယ်တွေကို စစ်သင်တန်းတက်ဖို့ လိမ်လည်စည်းရုံး အတင်းခေါ်ဆောင်တာမရှိဘဲ မိမိဆန္ဒသဘောသာ လာရောက်ကြတဲ့ လူငယ်တွေဖြစ်တယ်လို့ MDF တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

၎င်းက “ကျွန်တော်တို့ မြေပြင်ကို သွားရောက်ပြီး ကျေးရွာ လူငယ်တွေ စစ်သင်တန်းတက်ဖို့ လှည့်လည်စည်းရုံး အတင်းခေါ်တာမျိုး မလုပ်ဘူး။ အဲ့ဒီလိုလည်း ဘယ်တော့မှလည်း လုပ်မှာ မဟုတ်ပါဘူး။ အခုပြောတဲ့ ရွာက လူငယ်တွေ စစ်သင်တန်းတက်ရောက်ဖို့ လာကြတာတွေရှိတယ်။ ဒါပေမဲ့ နှစ်ယောက်၊ သုံးယောက်လောက်ပါပဲ။ သူတို့က မိမိဆန္ဒသဘောနဲ့လာရောက်ကြတာဖြစ်တယ်။”လို့ဆိုပါတယ်။

မြေပြင်အခြေနေ သတင်းအမှန် သိရှိဖို့ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းတွေ မရတဲ့အတွက် လိုင်းပေါ်တွေ တက်လာတဲ့ မဟုတ်မမှန်သတင်းတွေ မယုံကြည်ဖို့နဲ့ ပြည်သူတွေကလည်း MDF ကို အထင်အမြင်မလွဲမှားစေဖို့ MDF တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

တောင်ဘူကျေးရွာနဲ့ ဒါရ်လင်းကျေးရွာတို့မှာ MDF ဥက္ကဌမှ လာရောက်ပြီး ကျေးရွာ လူငယ်တွေကို စစ်သင်တန်းတက်ရောက်ဖို့ လိမ်လည်စည်းရုံးအတင်းခေါ်ဆောင်သွားတာမရှိသလို မိဘတွေက သဘောမတူ၍ လိုက်လံရှာဖွေတာ မရှိဘူးလို့ ဒါရ်လင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းက “ရွာမှာတောင် MDF က တစ်ခါတစ်လေမှ လာကြတာ။ ရွာသားတွေနဲ့တွေ့ဆုံပြီး စကားပြောတာတွေ့ပဲရှိတယ်။ လူငယ် ဆယ်ယောက်ကျော်၊ နှစ်ဆယ်ယောက်ကို အတင်းခေါ်သွားတာ မရှိပါဘူး။ အဲ့လိုခေါ်ရင်လည်း ကျွန်တော်တို့က သဘောတူမှာမဟုတ်သလို ကန့်ကွက်ကြမှာပဲ။ ကိုယ့်သဘောနဲ့ ကိုယ်သွားတယ်ဆိုရင် ကျွန်တော်တို့လည်း တားပိုင်ခွင့်မရှိဘူးပေါ့။”လို့ ဆိုပါတယ်။

လိုင်လင်းပီမြို့မှာ ချင်းကာကွယ်ရေးတပ်(မရာ)နဲ့ မရာလဲန်းကာကွယ်ရေး(MDF) စတဲ့ မရာ(ချင်း) လက်နက်ကိုင်နှစ်ဖွဲ့ရှိပြီး ၎င်းတို့ကို ထောက်ခံအားပေးတဲ့သူတွေဟာ သတင်းအမှားတွေနဲ့ အချင်းချင်း တိုက်ခိုက်နေကြသလို ယခုသတင်းဟာလည်းပဲ အခြေမြစ်မရှိဘူးလို့ ချင်းနိုင်ငံရေးကို လေ့လာစောင့်ကြည့်နေသူ လိုင်လင်းပီဒေသခံတစ်ဦးက ပြောပါတယ်။

“ဘယ်လက်နက်ကိုင်အဖွဲ့စည်းမဆို တစ်ခါတစ်လေ အမှားတွေက ဖြစ်တက်ကြတယ်။ အဲ့ဒီလို မှားတဲ့ခါဖြစ်ဖြစ်၊ ဖြစ်နိုင်ချေရှိတဲ့ခါဖြစ်ဖြစ် အဲ့ဒါတွေကို အခွင့်ကောင်းလိုထင်ပြီး တိုက်ခိုက်ချင်တဲ့သူတွေက တိုက်ခိုက်ကြတယ်။ အခုဖြစ်နေတာလည်း MDF က နယ်ကျေးရွာတွေမှာ စည်းရုံးရေးသွားလုပ်တယ်။ အဲ့ဒါကို စစ်သင်တန်းတက်ဖို့ စည်းရုံးတယ်လို့ မဟုတ်မမှန် ဝါဒတွေဖြန့်တယ်။ လက်နက်ကိုင်အဖွဲ့စည်းဆိုတာ ပြည်သူတွေနဲ့ တွေ့ဆုံရမယ်။ စည်းရုံးရမယ်။ ပြည်သူတွေက သူတို့ကိုကြောက်နေလို့မရဘူး။ အမြဲထိတွေ့နေပေးရမယ်။”လို့ ဆိုပါတယ်။

မဟုတ်မမှန် သတင်းတွေ ဝါဒတွေဖြန့်တဲ့ခါ ပြည်သူတွေ အထိန့်တလန့်ဖြစ်စေမဲ့ သတင်းမျိုးတွေ မဖြန့်ကြရန်နဲ့ ဆင်ခြင်ပေးကြဖို့ ချင်းနိုင်ငံရေးကို လေ့လာစောင့်ကြည့်နေသူ လိုင်လင်းပီဒေသခံတစ်ဦးက တိုက်တွန်းထားပါတယ်။

သုံးသပ်ချက်

MDF နဲ့ AA ထိန်းချုပ်နယ်မြေမှာ သင်တန်းပေးနေတာမှန်ကြောင်းနဲ့သင်တန်းတက်ရောက်တဲ့သူတွေက အတင်းအားဓမ္မ စည်းရုံးဆောင်ပြီး သင်တန်း တက်ခိုင်းတဲ့ အကြောင်းအရာက မှားယွင်းနေကြောင်းနဲ့

AA နဲ့ MDF တို့ကြား ပြည်သူတွေ အထင်လွှဲမှားလုပ်ဆောင်နေတာဖြစ်ပါတယ်။

စာဖတ်ပရိသတ်အနေဖြင့်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

အထက်ပါ သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ရ လိုင်လင်းပီမြို့၊ တောင်ဘူရွာနဲ့ ဒါရ်လင်းကျေးရွာတို့မှာ MDF ဥက္ကဋ္ဌက အေအေထံ စစ်သင်တန်းတက်ရောက်ဖို့ အတင်းစည်းရုံးတာ မတွေ့ရှိရပါ။

Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို (ခမီ) အမျိုးသားနှစ်ဦး သေဆုံး

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄။ Zalen မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ Raub မြို့မှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို့ (ခမီ) အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ ချင်းအမျိုးသားတစ်ဦးဆီက ...

ဆက်ဖတ်ရန်