လူမျိုးခြားနဲ့အိမ်ထောင်ပြုတဲ့မီဇိုးအမျိုးသမီးများ မီဇိုးအဖြစ်မှ ရပ်ဆိုင်းခံရမယ်

ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၆
Zalen

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ထဲက လူမျိုးခြားအမျိုးသားနဲ့ အိမ်ထောင်ပြုတဲ့မီဇိုးအမျိုးသမီးများကို မီဇိုးအဖြစ်မှ ရပ်ဆိုင်းမယ့် ဥပဒေမူကြမ်းကို မနေ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာ မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ်က အတည်ပြု လိုက်ပါတယ်။

မီဇိုးအိမ်ထောင်ပြုခြင်းနဲ့ ပိုင်ဆိုင်မှုအမွေဆက်ခံခြင်း (ပြင်ဆင်ချက်) ဥပဒေကြမ်း (The Mizo Marriage and Inheritance of Property (Amendment) Bill ) ကို ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က အဆိုတင်သွင်း ခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်းအတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

ဒီဥပဒေအရ မီဇိုးအမျိုးသမီးများက လူမျိုးခြားနဲ့အိမ်ထောင်ပြုပါက မီဇိုးအဖြစ်မှရပ်ဆိုင်းခံရမယ့်အပြင် သူတို့ မွေးဖွားလာမယ့် ကလေးများလည်း မီဇိုးလူမျိုးစုဖြစ်ခွင့်ရှိတော့မှာမဟုတ်ကြောင်း၊ မီဇိုးအမျိုးသားက လူမျိုးခြား အမျိုးသမီး နဲ့ အိမ်ထောင်ပြုရင် သူတို့သား/သမီးများက မီဇိုးအဖြစ်ဆက်လက်ခံယူနိုင်မှာဖြစ်ကြောင်းသိရပါ တယ်။

Zalen ad

မီဇိုးအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်တစ်ဦးသာထားခွင့်ရှိမှာဖြစ်ပြီး လက်ရှိအိမ်ထောင်ရှိပါလျက် နဲ့ နောက်ထပ်အိမ်ထောင်ပြုလို့မရကြောင်း၊ နောက်ထပ်အိမ်ထောင်ပြုလိုပါကလက်ရှိအိမ်ထောင်ဖက်နဲ့ ကွာရှင်း ကြောင်း သက်သေပြနိုင်မှ ရကြောင်း Pu Lalduhoma က ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးများကို ကာကွယ်တဲ့အနေဖြင့် မီဇိုးအိမ်ထောင်ရေးမှာ ကွာရှင်းကြပါက သူတို့နှစ်ဦး အတူ ရုန်းကန်ရှာဖွေခဲ့ကြတဲ့ ပိုင်ဆိုင်မှုထဲက ၅၀ ရာခိုင်နှုန်းကိုအမျိုးသမီးက ပိုင်ဆိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

အွန်လိုင်းမူးယစ်ဆေးရောင်းသူတွေ “အီမိုဂျီ” ကုဒ်များအသုံးပြုပြီး လူငယ်တွေကို ပစ်မှတ်ထားနေ ========= ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ Zalen ထိုင်းနိုင်ငံမှာ အွန်လိုင်းမှတဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေဟာ လူမှုကွန်ရက်ရဲ့ စစ်ဆေးမှုတွေကို ရှောင်ရှားရန်နဲ့ လူငယ်တွေကို ဆွဲဆောင်ရန်အတွက် အီမိုဂျီ ...

ဆက်ဖတ်ရန်