လေကြာင်းတိုက်ခိုက်မှုကြောင့်ထီးချိုင့်မှာ၅ရက်အတွင်း အရပ်သား ၁၀၀ကျော်သေဆုံး

၁၄၊နိုဝင်ဘာ၊၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ စစ်ကောင်စီက နိုဝင်ဘာ ၈ရက်နေ့မှစ ၁၃ရက်နေ့အထိ

လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး ၅ရက်အတွင်း မွေးကင်းစကလေးနဲ့အမျိုးသမီးအများစုအပါဝင် အရပ်သားပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးတဲ့ ပြည်သူအများစုမှာ ရဟန်းသံဃများ၊ သက်ကြီးရွယ်အိုများ၊မွေးကင်းစကလေးသူငယ်များနဲ့အမျိုးသမီးများ အများစုသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော့်အသိထဲကဆိုရင် တစ်မိသားစုလုံးနီးပါး သေသွားတာအိမ်ထဲမှာ ပုန်းနေတာကို လေယာဉ်က အိမ်ပေါ်တည့်တည့်ကို ဗုံးကြဲသွားတာ။တစ်ချို့လန့်လို့ပြေးရင်းနဲ့ လေယာဉ်ဗုံးထိလို့ လမ်းမပေါ်မှာတွေသေကုန်ကြတယ်။ အိမ်ထဲမှာသေတာက မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေများတယ်”လို့ ထီးချိုင့်ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ သုံးသောင်းကျော် စစ်ဘေးရှောင်နေရပြီး၊ရပ်ကွက်ပေါင်း ၁၃ခုပျက်စီးသွားပြီး၊ကျန်ရှိနေတဲ့ မြို့ပေါ်က အိမ်တွေကို စစ်ကောင်စီက Vacuum Bombs များသုံးပြီး ဆက်လက်မီးရှို့ဖျက်စီးနေတယ်လို့ သိရပါတယ်။

သတင်း-HAK

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်