လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော

၂၊ စက်တင်ဘာ၊ ၂၀၂၄

Zalen

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာ ၁ ရက် က ရန်ကုန်ကို လာရောက်တဲ့ ခရီးစဥ်မှာ ပြောလိုက်ပါတယ်။

အဲဒီအတွက် အောက်တိုဘာလ ၁ ရက် က စတင်ပြီး လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူသွားမယ်လို့လည်း ဆိုပါတယ်။

စက်တင်ဘာ ၁ရက်နေ့မှာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေ နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်‌တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်မြို့မှာ‌ ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၅ နို၀င်ဘာမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုတွေရှိတယ်ဆိုပြီး အာဏာသိမ်းခဲ့တာလို့ စစ်ကောင်စီတပ်က ‌ပြောဆိုထားပေမယ့် လက်ရှိ စစ်ခေါင်းတွေ ‌ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲ အတုအယောင်သာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

အရင်က ရွေးကောက်ပွဲကို အချိုးကျ (PR)စနစ် နဲ့ ကျင်းပမယ်လို့ ပြောထားပေမယ့် အခုတော့ အနိုင်ရရှိသူ အကုန်ယူစနစ် (First Past The Post) စနစ်နဲ့သာ ကျင်းပဖို့ ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေနဲ့ NUG အစိုးရက ကန့်ကွက်နေပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်