လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အသုံးစရိတ် တိုးမြှင့်

ဇန်နဝါရီ ၂၉၊ ၂၀၂၆
Zalen

ရွေးကောက်ပွဲကျင်းပခဲ့ပြီး လွှတ်တော်ခေါ်ဖို့ ပြင်ဆင်‌နေတဲ့ စစ်‌ကောင်စီဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စားစရိတ်၊ တည်းခိုစရိတ်တွေ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၂၈ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (ဒါမှမဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (ဒါမှမဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တွေ တာဝန်အရ ခရီးသွားလာတဲ့အခါ သတ်မှတ်ထားတဲ့ တည်းခိုနေထိုင်စရိတ်၊ အခြားအသုံးစရိတ်တွေကို တိုးမြှင့်လိုက်တာပါ။

သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင်တွေရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်များဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့လိုက်တာ ဖြစ်ပါတယ်။

Zalen ad

လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဦးစီးအဖွဲ့ဝင်တွေ တာဝန်အရ ခရီးသွားတဲ့အခါ နိုင်ငံတော်က အခမဲ့တည်းခိုနေထိုင်ဖို့ မစီစဉ်ပေးနိုင်ရင် ဥပဒေပုဒ်မ ၆ မှာ ပြဋ္ဌာန်းထားတဲ့ တည်းခိုနေထိုင်စရိတ် ကျပ် ၅,၀၀၀ ကို ကျပ် ၈,၀၀၀ တိုးမြှင့်လိုက်ပြီး အခြားအသုံးစရိတ် ကျပ် ၅,၀၀၀ ကို ကျပ် ၇,၀၀၀ ဆိုပြီး ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

ဥပဒေပုဒ်မ ၈ မှာပါတဲ့ စားသောက်စရိတ် ကျပ် ၁၀,၀၀၀ ကိုလည်း ကျပ် ၂၀,၀၀၀ ဆိုပြီး ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

စစ်ကောင်စီက ဦးဆောင်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ခုလုံးကို ကျင်းပပြီးစီးခဲ့ပြီး လာမယ့် မတ်လမှာတော့ လွှတ်တော်စခေါ်မယ်လို့ က ကြေညာထားပါတယ်။

၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် ၇၃ နယ်၊ PR မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် FPTP မဲဆန္ဒနယ် ၂၅၅ နယ်၊ PR မဲဆန္ဒနယ် ၄၂ နယ်၊ တိုင်းဒေသကြီး (ဒါမှမဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ၂၉ နယ်တို့မှာ ကျင်းပခဲ့တယ်။

သတင်း-Helen

ဓာတ်ပုံ-လူမှုကွန်ယက်

#စစ်ကောင်စီ#လွှတ်တော်#တိုးမြှင့်#Zalen

နောက်ဆုံးရသတင်းများ

India-Myanmar Border

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မှာကို မလိုလာကြောင်း CYMA ပြောကြား

ဇန်နဝါရီ ၂၉ ၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ဩဇာအကြီးဆုံးအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုမီဇိုးလူငယ်အသင်း ( Central Young Mizo Association – CYMA ) က အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မှာကို အလိုမရှိကြောင်း ဗဟိုအစိုးရ ...

ဆက်ဖတ်ရန်