ဝန်ကြီးချုပ်က ချင်းလူမျိုးထဲကပထမဆုံး B.A ဘွဲ့ရရှိသူတွေရဲ့ ရုပ်ထုဖွင့်လှစ်မယ်

ချင်းတိုင်းရင်းသား အမျိုးသားနဲ့အမျိုးသမီးတွေထဲမှာ ပထမဆုံး B.A ဘွဲ့သူနှစ်ဦး ရုပ်ထုကို ဒီနေ့(ဖေဖော်ဝါရီ ၉) နံနက် (၉)နာရီမှာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ဖွင့်လှစ်သွားပါမယ်။

ဒီရုပ်ထုဟာ ဖလမ်းမြို့ အ.ထ.က(၁)ကျောင်းဝင်ပေါက်ဘေးမှာ ပြည်တွင်းပြည်ပ ဖလမ်းလူငယ်အဖွဲ့အစည်းက ဦးဆောင်ပြီးစိုက်ထူခဲ့တာပါ။ ဒါပြင် ကျောင်းသူ၊ကျောင်းသား တစ်ထောင်ကျော်ကလည်း ဒီဖွင့်ပွဲမှာတက်ရောက်ကြမယ်လို့သိရပါတယ်။

ရုပ်ထုကို ၂၀၁၆ ခုနှစ်ကစပြီး စိုက်ထူရန်စီစဉ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ကြန့်ကြာပြီး အခုမှဖွင့်လှစ်နိုင်တာဖြစ်တယ်။ ချင်းလူမျိုး အမျိုးသားတွေထဲမှာ ပထမဆုံး B.A ဘွဲ့ရရှိသူကတော့ ချင်းတော်လှန်ရေးခေါင်းဆောင် ဗိုလ်ကြွမ်ဘိတ်ရဲ့မြေး Pu Siah Luai ဖြစ်ပြီး ၁၉၃၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ B.A ဘွဲ့ရရှိပါတယ်။ ချင်းလူမျိုး အမျိုးသမီးတွေထဲမှာ ပထမဆုံး B.A ဘွဲ့ရရှိသူကတော့ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးဇဟရဲလျန်ရဲ့ညီမ Pi Hlawn Kip Thluai ဖြစ်ပြီး ၁၉၆၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ရရှိပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်