ဝန်ကြီးနေရာအစားထိုးဖို့ ဒု-ဗိုလ်မှူးကြီးဟောင်း ဦးစိုးထက်ကိုအဆိုတင်သွင်းပါက လွှတ်တော်အစည်းအဝေးခန်းမှ ထွက်ပြီးဆန္ဒဖော်ထုတ်မယ်လို့ဆို

ဝန်ကြီးဟောင်းဆလိုင်းအိုက်ဇက်ခင်နေရာအတွက် ဒု-ဗိုလ်မှူးကြီးဟောင်း ဦးစိုးထက်ကို မနက်ဖြန် လွှတ်တော်ကအဆိုတင်သွင်းပါက NLD ကိုယ်စားလှယ်ငါးဦးက လွှတ်တော်အစည်းအဝေးခန်းကနေထွက်ပြီးဆန္ဒဖော်ထုတ်မယ်လို့ သတင်းရရှိပါတယ်။

ဒီနေ့ မေလ(၂၄)ရက် ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌက ဦးစိုးထက်ကို ဝန်ကြီးနေရာအစားထိုးဖို့အဆိုတင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ်အချို့က သဘောမတူသဖြင့် မေလ(၂၅)ရက်တွင် ဆက်လက်ဆွေးနွေးဖို့ရွေ့ဆိုင်းခဲ့တာပါ။

ခုတလော ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေတဲ့တွက်ကြောင့် ဦးစိုးထက်က တပ်မတော်ကနေအနားယူထားတဲ့သူဖြစ်တဲ့တွက် ပိုပြီးအဆင်ပြေမယ်လို့ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌကယူဆနေပုံရတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအားကဆိုပါတယ်။

ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအား

“၂၀၁၅ တုန်းက ဝန်ကြီးတွေခန့်အပ်တဲ့ချိန်တုန်းကလည်းသူတို့အတည်ပြုရွေးချယ်ထားတဲ့သူတွေပဲခန့်ခဲ့တယ်။ ကျနော်တို့ သဘောထားအမြင်တွေ မတောင်းခဲ့ဘူး။ အခု ဦးစိုးထက်ကိုအတည်ပြုဖို့ကြိုးစားနေတာက ပါတီဗဟိုဘက်ကဖိအားကြောင့်၊ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ဖိအားကြောင့်လို့ပြောနေတာ တကယ်ပဲလားဆိုတာသိချင်တယ်။ မနက်ဖြန်လည်း ဦးစိုးထက်ကို လွှတ်တော်ကအဆိုတင်သွင်းလာရင် မြို့နယ် ငါး မြို့နယ်က NLD ကိုယ်စားလှယ် (၇)ယောက်ကတော့ အစည်းအဝေးခန်းထဲကနေထွက်ပြီးဆန္ဒဖော်ထုတ်မယ်”လို့ ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအားကပြောပါတယ်။

Zalen ad

ကိုယ်တော်ကိုယ်စားလှယ်အချို့က ဝန်ကြီးနေရာအစားထိုးဖို့ ကန်ပက်လက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအားကို ဦးစားပေး(၁)အနေနဲ့လည်းကောင်း၊ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းကို ဦးစားပေး(၂) အနေနဲ့လည်းကောင်း ရွေးချယ်ထားတယ်။ 

ဦးဖွေအားဟာ ၁၉၇၁ ခုနှစ်မှာမွေးဖွားပြီး B.A(Geog)နဲ့ဘွဲ့ရထားသူဖြစ်ပြီး အရင်က ဓမ္မဆရာနဲ့ NGO အလုပ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

အခုလို လွှတ်တော်အစည်းအဝေးထဲကနေ ဆန္ဒဖော်ထုတ်မယ့်သူတွေကတော့ တွန့်ဇံ၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ပါတယ်။

ချင်းပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် (၁၇) ဦးရှိပြီး NLD ပါတီမှ (၁၂)ဦး၊ ZCD ပါတီမှ(၂)၊ ကြံခိုင်ရေးပါတီမှ(၃) တို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်