သန်းခေါင်စာရင်းကောက်ယူမှု စစ်ကောင်စီ ရက်ထပ်တိုး

၁၇၊ အောက်တိုဘာ၊ ၂၀၂၄

Zalen

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်ထိ ကောက်ယူခဲ့ရာမှ အောက်တိုဘာ ၃၁ ရက်ထိ ရက်တိုးကောက်ယူသွားမယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၆ ရက်‌ နေ့က ကြေညာထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း ကောက်ယူမခံရသေးသူတွေကို ပြန်လည်ကောက်ခံဖို့အတွက် အခုလို ရက်ထပ်တိုးလိုက်တာလို့ ဆိုပါတယ်။

Zalen ad

၂၀၂၄ နှစ် သန်းခေါင်စာရင်းကောက်ယူမှုကို စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ ရပ်ကွက်၊ ကျေးရွာတွေက နေအိမ်ကို တအိမ်တက်ဆင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက်ယူမှုကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂,၀၀၀ ခန့်နဲ့ ကောက်ယူခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သန်းခေါင်စာရင်းကောက်ယူနေချိန် တချို့ဒေသတွေမှာ စစ်ကောင်စီ လက်အောက်ခံ သန်းခေါင်စာရင်းကောက်ယူသူ‌တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာ၊ သတ်ဖြတ်တာ ခံရတာတွေရှိခဲ့ပါတယ်။

ဒါကြောင့် တချို့နေရာတွေမှာ သန်းခေါင်စာရင်းကို ကောက်ခံနိုင်ခြင်းမရှိသေးပေ။ ချင်းပြည်နယ်မှာတော့ ဟားခါးမြို့၊ ဖလမ်းမြို့နဲ့ တီးတိန်မြို့က ရပ်ကွက် တချို့မှာသာ သန်းခေါင်စာရင်း ကောက်ခံနိုင်ခဲ့ပါတယ်။

နေညို

နောက်ဆုံးရသတင်းများ

ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရန်နဲ့ အတုအယောင် လွှတ်တော်တွေကို ဆန့်ကျင်ရန် CNF တိုက်တွန်း

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ Zalen စစ်တပ်ကင်းရှင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရန်နဲ့ အတုယောင် လွှတ်တော်တွေကို ဆန့်ကျင်ရန် ချင်းအမျိုးသားတပ်ဦး (CNF) က ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၉) နှစ်မြောက် ပြည့်မြောက်တဲ့ ယနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ၁၉၄၇ ...

ဆက်ဖတ်ရန်