သီပေါမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ထိန်းချုပ်

၁၄၊ အောက်တိုဘာ၊ ၂၀၂၄

Zalen

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို တအာင်းတပ်မတော် (TNLA) က အောက်တိုဘာလ ၁၃ ရက်နေ့မှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးကျန်ရှိတဲ့ သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ – ၂၃ တပ်ရင်းကို TNLA က အောက်တိုဘာလ ၁၃ ရက်နေ့မှာ အပြီးသတ်သိမ်းယူခဲ့ပြီးနောက် မြို့ကို ထိန်းချုပ် နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီစခန်း သိမ်းပိုက်မှုမှာ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေလည်း ဖမ်းဆီးခံထားရတယ်လို့

“ မနေ့က သီပေါမှာ လက်ကျန် စခန်းဖြစ်တဲ့ ခလရ ၂၃ သိမ်းလိုက်နိုင်ခဲ့တယ်၊ စစ်သားတွေနဲ့ သူတို့မိသားစုတွေလည်း ဖမ်းမိတယ်လို့ ကြားတယ်။ ‌အခုတော့ မြေပြင်ရှင်းလင်း‌ရေး လုပ်နေကြတယ်။ TNLAက သီပေါကို တိုက်တာ နှစ်လ‌ကျော်ကြာခဲ့တယ်။ စကစဘက်က လေကြောင်းရော၊ လက်နက်ကြီး‌ရော ပြင်းပြင်း ထန်ထန် ခုခံလို့ ဒီလောက်ထိကြာ‌သွားတာ။ ” လို့ စစ်ရေးအခြေနေကိုသိတဲ့ ဒေသခံတ်ဦးက ပြောပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့ကစပြီး သီပေါမြို့ပေါ်ကို TNLA က ထိုးစစ်ဆင်ခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့မှာတော့ မြို့ပေါ်ဌာနဆိုင်ရာ ရုံးအားလုံးကို ထိန်းချုပ်နိုင်ပါတယ်။

ခြေမြန်တပ်ရင်း ခမရ-၅၀၃၊ ခမရ-၅၀၄ တပ်စခန်းတွေကို TNLA က စက်တင်ဘာလကုန်ပိုင်းမှာသိမ်းပိုက်ခဲ့ပြီး လက်ကျန် ခလရ-၂၃ တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲ၊ မိုးမိတ်၊ နောင်ချို၊ မိုးကုတ်၊ သီပေါမြို့တွေကို TNLA သိမ်းပိုက်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ဂန့်ဂေါမြို့နယ်အတွင်းရှိလာပို့ကျေးရွာကိုစစ်ကောင်စီကလေကြောင်းဖြင့်ဗုံးကြဲလို့အမျိုးသ မီးတစ်ဦးဒဏ်ရာရ

၁၄ ၊အောက်တိုဘာ၊၂၀၂၄ Zalen မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ လာပို့ကျေးရွာကိုဒီကနေ့အောက်တိုဘာ လ ၁၄ ရက်နေ့ ညနေ ၃ နာရီ၀န်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ယင်းသို့အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်လူနေအိမ် တွေထိခိုက်ပျက်စီးခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ “ညနေ ၃ ...

ဆက်ဖတ်ရန်