ဟားခါးမြို့ ကျူးကျော်နေအိမ်ဖျက်သိမ်းမယ့်ရက်ပြန်ရွေ့

ဟားခါးမြို့ရှိ မြို့သစ်စီမံကိန်းဧရိယာတွင် အစိုးရခွင့်ပြုချက်မရှိပဲတည်ဆောက်တဲ့ နေအိမ်တွေကို သြဂုတ်လ ၉ ရက်တွင်ဖျက်သိမ်းဖို့စီစဉ်ထားသော်လည်း ခရစ်ယာန်သင်းအုပ်ဆရာများကဝင်ရောက်ညိုနှိုင်းပေးမှုကြောင့် သြဂုတ်လ (၁၇)ရက်ထိ ရက်ပြန်ရွေ့တယ်လို့ ဝန်ကြီး ဦးရွှေထီအိုထံမှသတင်းရရှိပါတယ်။

ချင်းပြည်နယ် လမ်း၊ပန်းဝန်ကြီး ဦးရွှေထီအိုက “ကျူးကျော်အိမ်တွေဖျက်သိမ်းမယ့်ရက်ပြန်ရွေ့လိုက်ပြီ။ သင်းအုပ်ဆရာတွေက အချိန်ထပ်ပေးကြပါအုံးဆိုလို့ သြဂုတ်လ (၁၇)ရက်ထိ အချိန်ထပ်ပေးတယ်။ အဲ့ချိန်မှာ သူတို့ဘာသာအိမ်တွေမဖျက်ရင် အစိုးရကပြန်ဆုံးဖြတ်ရမယ်” လို့ပြောပါတယ်။

ဖ်က္သိမ္းဖို႔မွတ္သားထားတဲ့ ဟားခါးၿမိဳ႕သစ္ဧရိယာကေနအိမ္မ်ား (ပံု-Chinland Post)

ဟားခါးမြို့သစ်စီမံကိန်း ဧရိယာ ဧက (၆၇၆)တွင် အစိုးရက ကျူးကျော်လို့သတ်မှတ်ထားတဲ့ လူနေအိမ် ၁၃၀ ကျော်ဆောက်လုပ်ထားပါတယ်။

ယင်းလူနေအိမ်တွေဖျက်သိမ်းဖို့ အစိုးရက ရဲနဲ့ဌာနဆိုင်ရာလူတွေအပြင် ရပ်ကွက်မှ စုစုပေါင်း လူ ၂၀၀ ကျော်နဲ့ဖျက်သိမ်းဖို့ ကြိုတင်စီမံခဲ့ကြပါတယ်။

(Zawgyi)

ဟားခါးၿမိဳ႕ က်ဴးေက်ာ္ေနအိမ္ဖ်က္သိမ္းမယ့္ရက္ျပန္ေရြ႕

ဟားခါးၿမိဳ႕ရွိ ၿမိဳ႕သစ္စီမံကိန္းဧရိယာတြင္ အစိုးရခြင့္ျပဳခ်က္မရွိပဲတည္ေဆာက္တဲ့ ေနအိမ္ေတြကို ၾသဂုတ္လ ၉ ရက္တြင္ဖ်က္သိမ္းဖို႔စီစဥ္ထားေသာ္လည္း ခရစ္ယာန္သင္းအုပ္ဆရာမ်ားကဝင္ေရာက္ညိဳႏႈိင္းေပးမႈေၾကာင့္ ၾသဂုတ္လ (၁၇)ရက္ထိ ရက္ျပန္ေရြ႕တယ္လို႔ ဝန္ၾကီး ဦးေရႊထီအုိထံမွသတင္းရရွိပါတယ္။

(Photo: Chinland Post)

ခ်င္းျပည္နယ္ လမ္း၊ပန္းဝန္ၾကီး ဦးေရႊထီအိုက “က်ဴးေက်ာ္အိမ္ေတြဖ်က္သိမ္းမယ့္ရက္ျပန္ေရြ႕လိုက္ၿပီ။ သင္းအုပ္ဆရာေတြက အခ်ိန္ထပ္ေပးၾကပါအံုးဆိုလို႔ ၾသဂုတ္လ (၁၇)ရက္ထိ အခ်ိန္ထပ္ေပးတယ္။ အဲ့ခ်ိန္မွာ သူတို႔ဘာသာအိမ္ေတြမဖ်က္ရင္ အစိုးရကျပန္ဆံုးျဖတ္ရမယ္” လို႔ေျပာပါတယ္။

ဟားခါးၿမိဳ႕သစ္စီမံကိန္း ဧရိယာ ဧက (၆၇၆)တြင္ အစိုးရက က်ဴးေက်ာ္လို႔သတ္မွတ္ထားတဲ့ လူေနအိမ္ ၁၃၀ ေက်ာ္ေဆာက္လုပ္ထားပါတယ္။

ယင္းလူေနအိမ္ေတြဖ်က္သိမ္းဖို႔ အစိုးရက ရဲနဲ႔ဌာနဆိုင္ရာလူေတြအျပင္ ရပ္ကြက္မွ စုစုေပါင္း လူ ၂၀၀ ေက်ာ္နဲ႔ဖ်က္သိမ္းဖို႔ ၾကိဳတင္စီမံခဲ့ၾကပါတယ္။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်